Ch.30-Woooooooooooooooo

434 83 0
                                    

|| Unicode ||

      ဒါကမျော်လင့်ထားသလိုပဲ။

     ဝူရုန်စိတ်သက်သာရာရစွာဖြင့် ဖုချင်းလက်ထဲမှ စက္ကူကြိုးကြာနှင့်တခြားသော အဆောင်လက်ဖွဲများယူလိုက်ရင်း : "ကျေးဇူးပဲ"

     ဖုချင်းသည်လည်း ပြန်လည်မွေးဖွားလာသူဖြစ်သည်ကိုသိပြီးနောက် အရင်ကအကြောင်းအရာများကို ဂရုတစိုက် ပြန်တွေးကြည့်လိုက်သောအခါ တော်တော်များများက နားလည်ရလွယ်နေသည်။ အရင်ဘဝတွင် 'သူ' နှင့် ဖုချင်းကြား ဆက်ဆံရေးတွင် ပြဿနာ ရှိသည်။

     နောက်ဆုံးမှာတော့ 'သူ'က ‌တစ္ဆေဖြစ်လာပြီး ဖုချင်း က ကောင်းကင်သခင်ဖြစ်မှာကျိန်းသေလေသည်။ ကောင်းကင်သခင်နှင့် ရက်စက်ကြမ်းတမ်းသောတစ္ဆေ တို့အတူတကွ ငြိမ်းငြိမ်းချမ်းချမ်းနေနိုင်မယ်တဲ့လား? ဒါပေမယ့် ရန်လိုတက်သောဆက်ဆံရေး‌ဆိုလျှင် ပထမဆုံးတွေ့ဆုံစဉ်က ဖုချင်း၏လုပ်ဆောင်ချက်မှာ အလွန်တည်ငြိမ်လွန်းသည်။

    အကယ်၍ပိုင်ကုသာ မိုးကြိုးအပစ်မခံရလျှင် ဝူရုန် တိုက်ရိုက်မေးလိုက်မည်သာဖြစ်သည်။

     "မင်း…"

    "မင်းလည်း တူညီတဲ့ပုံစံမျိုး ခံစားမိတာလား?"

    ဘာကြီး?

    ဝူရုန်ကြောင်အ သွားကာ ဖုချင်းကသူ့အားငေးကြည့်နေပြီး ထိုမျက်လုံးများမှာ  သူပထမဆုံးစတွေ့စဉ်ကလိုအေးစက်လျက် ရေပေါ်တွင်ရေခဲလွှာပါးတစ်ချပ်လိုပင်။ လူသဘာဝအရ နွေးထွေးသောအရာအပေါ်လောဘကြီးတက်သော်လည်း အေးစက်သောအရာများကိုမူကြောက်တက်ကြသည်။ အထူးသဖြင့် အေးစက်ကာ ကြည့်ကောင်းသော ဖုချင်းကဲ့သို့ တာအိုဘုန်းကြီးမျိုးသည် တသီးတသန့်နှင့်မြင့်မားသောအ‌ဆင့်တန်းရှိ၍ ရေခဲနှင့်နှင်းများဖြင့် ထွင်းထုထားသောပန်းပုရုပ်နှင့်တူကာ  ကမ္ဘာကြီးတစ်ခုလုံးမှသီးခြားခွဲထွက်နေပြီး တနည်းတဖုံ ကျော်ကြားမူနည်းပါး၍ ပို၍အံ့အားသင့်ဖွင့်ကောင်းလှစွာ ရင်းနှင်းကျွမ်းဝင်မူနည်းပါးသည်။

    အတူတကွထိုင်နေရင်း ဝူရုန်ကြည့်ရတာပို ၍ နူးညံ့ညှင်သာပုံပေါ်သည်။

ပြန်လည်မွေးဖွားပြီးနောက်‌ မြောင်ကျန်းကိုပြန်ပြီးမိသားစုအမွေကိုဆက်ခံခဲ့တယ်Where stories live. Discover now