Ch.38-Hiss,hiss hiss

322 66 0
                                    

|| Unicode ||

    "တွဲလျားကျနေတဲ့တယောက်ကသေနေပြီ အခန်းထဲကတယောက်ကတော့အသက်ရှိနေသေးတယ် "

    ဆံပင်ပါးပါးနှင့်သက်လက်ပိုင်းဒါရိုက်တာအပြေးရောက်လာကာ ခဏအတွင်း အနုပညာဆောင်မှ လူနှစ်ယောက်ကိုသယ်ထုတ်လာခဲ့သည်။ သူသည် လေ့ကျင့်ခန်းမလုပ်တာကြာကာ အလွန်အားနည်းသည့် ကြင်နာတက်သောသတ်လက်ပိုင်းလူကြီးနှင့်တူသည်။ သူသည် လူနှစ်ယောက်ကို မောပန်းမူမရှိပဲနှင့် လှေကားမှသယ်လာသည်။ ရွှေပုစဉ်းကိုဆင့်ခေါ်လိုက်သော ကန်တင်းမှစာဖိုးမှူးမှာဗုဒ္ဓအမည်ကို‌တီတိုးဆိုကာ " အောမိတောဖော " ကူညီရန်ရှေ့တိုးလာသည်။

    သူကြည့်ရသည်မှာ လက်မောင်းကြီးကြီး ခါးဝဝနှင့်ဖြစ်သော်လည်း သက်လတ်ပိုင်းလူကြီးဆီမှလက်လွဲယူသော်အခါ အလေးချိန်ကိုမတောင့်ခံနိုင်သကဲ့သို့ ဖိအားအောက်၌တုန်ယင်နေပြီး မြေပေါ်သို့ပြုတ်ကျလုနီးပါဖြစ်သွားသည်။

    "ဟေး ဆရာသခင်လေးဟွေ့ရှင်း ဂရုစိုက် ငါပဲလုပ်လိုက်ပါ့မယ် "

   သက်လတ်ပိုင်းလူကြီးသည် ကန်တင်းစာဖိုမှူးအပေါ်လုံးဝအမှီပြုကာသတိလစ်နေသော လူကို လက်ဗလာနှင့်အလွယ်တကူယူလိုက်ပြီး မြေပေါ်ချထားလိုက်ကာ " ယင်ချီတွေက သူ့ကိုယ်ထဲဝင်သွားပြီး သူကအခုသတိလစ်နေတာ နေရောင်အနည်းငယ်ရအောင်လုပ်ပေးထားလိုက်ရုံပဲ "

    " သေဆုံးသွားတဲ့သူက ကျိုးဝမ်ဝူ၊ အမျိုးသား ၊ အတန်း2အခန်း6ကကျောင်းသား သရုပ်အမှန်က စစ်ဆေးသူ ဆုထောင်။ အပြစ်ပေးမူနှစ်ခုလက်ခံထားရတယ်။ မနေ့က‌လိုပဲ အတန်းထပ်လစ်တယ်။ သူနှင့်အဆက်သွယ်လုပ်တဲ့ စတိုမန်နေဂျာမနက် 7:30 မှာ ကစားကွင်းထဲတွေ့ဆုံကြတယ်။ သူနှင့်စတို‌မန်နေဂျာ အနုပညာဆောင်ကို 8:15မှာရောက်တယ်။ သေတဲ့အချိန်က 8:20သေရတဲ့အကြောင်းကတော့မွန်းပြီးသေတာပဲ "

    သက်လက်ပိုင်းဒါရိုက်တာ၏မျက်လုံးများသာ် အဝေးမှာဟင်းလင်းပြင်ကိုမြင်ရသကဲ့သို့ဗလာဖြစ်နေပြီး အဖြူရောင်မျက်သားများတွင်အအမှောင်ထုလွှမ်းခြုံနေကာ သူဆီမှ နက်ရိူင်းအေးစက်သောအငွေ့သတ်မျိုးထွက်နေသည်။ တချို့တဝက်ထွင်းဖောက်မြင်နိုင်ပြီး ငွေရောင်တောက်ပနေသောစာအုပ်တစ်အုပ်သည် မည်သည်နေရာမှထွက်လာသည်မသိသူ့ဘယ်လက်တွင်ပေါ်လာကာ မမြင်ရသေဖောင်တိန်နှင်အလျင်အမြန်ချရေးနေသလိုစာရွက်များ တဖျက်ဖျက်လှန်နေလေတော့သည်။

ပြန်လည်မွေးဖွားပြီးနောက်‌ မြောင်ကျန်းကိုပြန်ပြီးမိသားစုအမွေကိုဆက်ခံခဲ့တယ်Where stories live. Discover now