|| Unicode ||
ရှစ်နာရီထိုးပြီးနောက် အပြင်ဘက်တွင်မိုးများပိုသည်းလာပြီး ကောင်းကင်တခွက်မီးခိုးရောင်တိမ်တိုက်များဖုံးလွှမ်းလျက်ရှိကာ မြေပြင်တွက်လည်း ဗွက်အိုင်များဖြစ်ပေါ်လျက်ရှိသည်။ သို့သော်လည်း ပြခန်းထဲရှိကျောက်တုံးများလာရောက်ကြည့်ရူသူလူအရေတွက်မှာလျော့နည်းမသွား။ ကျိုးရှင်းဟုန်အထူးဖိတ်ကြားထားသော အရေးပါသူများမှာ တချို့မှာ တကိုယ်တော် တချို့မှာ အဖွဲ့ငယ်များစုဖွဲ့၍ အားလုံးမှာ ကျောက်တုံးများကိုကြည့်ရူနေကြသည်။
ဂျေဒိုက်များသည် သန့်စင်သောစွမ်းအင်နှင့် ဒြပ်စင်ငါးမျိုးပါသော ရှားပါးသည့်ကျောက်စိမ်းများဖြစ်သည်။ ကိုယ်ခန္ဓာကယင်ဓာတ်ဖြစ်စေယန်ဓာတ်ဖြစ်စေ ၎င်းအားစုပ်ယူနိုင်ပြီး ဈေးကွက်တွင် ဈေးနူန်းမြင့်စွာဖြင့်ရောင်းချနိုင်သည်။
ဤအကြိမ်တွင် ကျိုးရှင်းဟုန်သည် သူ့၏ငွေအကုန်သုံးထား၍ ကျောက်အများစုသည် တွင်းဟောင်းများမှလာကာအသွင်အပြင်အားဖြင့်မဆိုးလှသော *အပေါက် မပါသည့် ကျောက်ရိုင်းများဖြစ်သည် သို့သော်လည်း ကျောက်ဖျတ်တောက်ခြင်းနှင့်နိူင်းယှဉ်ရလျှင် ကျောက်လောင်းခြင်းကပိုများပြီး ဈေးနူန်းအားဖြင့်လည်းသက်သာသည်။ သို့သော် ကျောက်လောင်းခြင်းတွင် လေလံဈေးအားဖုံးကွယ်ခြင်းနည်းကိုသုံးသည်။ မည်သည့်အရာကိုမဆိုရွေးချယ်ထားလိုက်ပါက စိတ်မှန်းဈေးကိုချရေးလိုက်ပြီး လေ့လံဆလင်ဒါခွက်ထဲပစ်ထည့်ရပြီးနောက် အမြင့်ဆုံးလေလံဈေးပေးနိုင်သူကအနိူင်ရမည်ဖြစ်သည်။
( *ဂျေဒိုက်ထဲမှ ဖြတ်စသို့မဟုတ် အပေါက်ငယ်များဖြစ်ပြီး အတွင်း၌ပါဝင်သောပစ္စည်း၏အရည်သွေးကို၎င်းတို့အားကြည့်၍ဆုံးဖြတ်နိုင်သည်)
ကျောက်လောင်းပွဲ၍ပါဝင်လာကြသူများမှာ အမြင့်ပိုင်းမှဖြစ်ပြီး ကြွယ်ဝမှုမှာမနိမ့်ကျ သဖြင့် သူတို့သဘောကျသည့်ကျောက်ပေါ်တွင် တွန့်ဆုတ်မှုမရှိ ငွေသုံးနိုင်ကြသည်။ ကျိုးရှင်းဟုန်သည် ကျောက်အားလုံးကိုထုတ်မပြသေး "ဤအသေးစားကျောက်လောင်းပွဲလေး"တချို့သောကြည့်ကောင်းသည့်ကျောက်အချို့သာ ထုတ်ပြထားပြီး ဝူရုန်ရှာနေသည့် ဖုံးကွယ်ထားသောကျောက်စိမ်းပိုးတောင်မာကောင်နှင့်သာမန်ကျောက်ပုံစံကျောက်တုံးများမရှိ။ ဤတစ်ခေါက်သည်သူတို့၏ပထမဆုံးအကြိမ် ကျောက်လောင်းခန်းမသို့ရောက်ရှိခြင်းဖြစ်ရာ လုပ်ငန်းစဉ်များနှင့်မရင်းနှီးသေး၍ မျက်စိပွင့်ရုံသာဖြစ်သည်။
YOU ARE READING
ပြန်လည်မွေးဖွားပြီးနောက် မြောင်ကျန်းကိုပြန်ပြီးမိသားစုအမွေကိုဆက်ခံခဲ့တယ်
HorrorTitle: After rebirth,I returned to Miaojing to inherite my family business Type : Web novel Status in COO Complete (283 chapters+9 extra) Completely translated No Original Publisher jjwxc This is not my own work just as fan translation.Do not have...