Ch.53.1-Bad mouth ,bad mouth

257 40 1
                                    

|| Unicode ||

    "ဟမ်"

      ဝူရုန်၏ဘေးတွင် ထင်းကန်သို့ဝင်ရောက်စဉ်ကအညီအမျှခွဲဝေပေးထားသည့် တိုက်ရိုက်လွှင့်စက္ကူအရုပ်လေးနှင့် အတိအကျတူသော စက္ကူအရုပ်ငယ်လေးတစ်ခုလွင့်မြောနေသည်။ ၎င်းမှာ ဘက်စုံရပြီး လျင်မြန်ကာ ကုမ္မဏ္ဏီက ပေးအပ်ထားသောအရာဖြစ်သည်။ ထိုအရာသည် အဓိကထုတ်လွှင့်ရသည့်သူများသာခံစားခွင့်ရသည့် အကျိုးမြတ်ဖြစ်သည်။ သူနှင့် ဟွမ်မောင်သာ ရထားပေါ်မှဆင်းလာခြင်းဖြစ်သည်။ အစကဖုချင်းသည် ဤနေရာတွင်ရှိနေခဲ့သော်လည်း ကျားယန်ကို ရထားဖြတ်သွားစဉ်၌ ရုတ်တရက် တွက်ချက်မှုတချို့ ပြုလုပ်ပြီးနောက် ဝူရုန်ကိုစကားပြောပြီး အရင်ဆင်းသွားခဲ့သည်။

    အခုဝူရုန်နှင့်ဟွမ်မောင်မှာ ချောင်ကျိုးသို့သွား၍ပစ္စည်းအရင်ယူမည်ဖြစ်ပြီး ထိုနောက်တွက်တော့ ကျားယန်တွင်ဖုချင်းနှင့်ချိန်းထားသည့်နေရာသို့ သွားမည်ဖြစ်သည်။

    ဘာကိစ္စဖြစ်သည်ကိုတော့မသိ။

    ဝူရုန်သည် ဒဏ်ရာမမြင်ရတော့သည့်သူလက်ချောင်းလေးအား ငေးတိငေးမောဖြင့်ပွတ်သပ်နေမိသည်။ ဖုချင်းသည်မထွက်သွားမီက ဝူရုန်ဆီမှသွေးစက်အချို့တောင်းယူခဲ့သည်။ ဝူရုန်သည် တာအိုဆရာလေး၏မျက်လုံးအောက်ချလျက် သွေးစက်တို့ကိုတိတ်တဆိတ်လျက်ယူကာ ဖျော့တော့သောနူတ်ခမ်းပါးတို့က သွေးများစွန်းထင်းသွားသည်ကိုပြန်တွေးမိသောအခါ နှလုံးသား‌ လေးတုန်ယင်သွားသည်။ တစုံတယောက်မှ ဖိညှပ်ထားသလို။ဘာ‌ ကြောင့်မှန်း သူရုတ်တရက်တစ္ဆေကြီးကိုပင် တွေးမိသွားသည်။

    ပြောကာမှထင်းကန်ထဲမှထွက်လာကတည်းက သူတစ္ဆေကြီးအားထက်မတွေ့ရသေးပေ။ အခု ဖုချင်းထွက်သွားပြီးဆိုတော့ ဒါက အခွင့်ကောင်းပဲ။

    "ဟေး! ဒီမှာ လူအများကြီးရှိနေတာ အံ့ဩစရာမရှိတော့ဘူး အကိုရုန် ကျွန်တော်သူ့ကိုသိတယ် !"

    ဟွမ်မောင်ရုတ်တရက်သတိပြုမိသွားကာ ဝူရုန်နှင့် သိပ်မဝေးသည့်နေရာဆီသို့ညွှန်ပြကာအသံကိုနိမ့်လျက် " နာမည်ကြီးကြယ်ပွင့် တစ်ယောက်လာနေတာကိုး!"

ပြန်လည်မွေးဖွားပြီးနောက်‌ မြောင်ကျန်းကိုပြန်ပြီးမိသားစုအမွေကိုဆက်ခံခဲ့တယ်Where stories live. Discover now