4.mango ice cream

404 55 0
                                    

"ricky ရေ mango icecream ဝယ်ပေး"

"ricky ရေ ဖတ်စာအုပ် ငှါးပေးပါလား မင်းက တစ်ခြားတစ်ယောက်နဲ့ကြည့်လိုက်"

"ricky ရေ အားကစား အကျီငှါးပါလား"

" ငါနဲ့ တွဲရအောင်"

—————————————-

"ricky ရေ mango icecream ဝယ်ပေး"

"ရော့ ငါ့မှာ ဝယ်ထားတာရှိတယ် အဲ့တာစားလိုက်"အတန်းတက်ခါနီး လာခိုင်းတဲ့ gyuvinကို အမြဲခြေတစ်လှမ်းသာ ကြိုတင်ပြင်ဆင်တတ်တဲ့ ricky က ခုခံနိုင်လိုက်တယ်

အမှန်ကတော့ ပိုက်ဆံပေါလို့တွေ့တဲ့ ရေခဲမုန့် အစုံဝယ်လာတာပါ

"မရဘူး မင်းစားစရာ မရှိဖြစ်နေမှာပေါ့ ricky ရ၊
အသစ်ဝယ်ပေး"

"kim gyuvin ကျောင်းတက်တော့မှာနော်"

"အင်း hanbin hyungကို ကျောင်းဆင်းရင် ဖုန်းဆက်ပြီး ဘာပြောရင်ကောင်းမလဲ"

ricky က gyuvin ကိုမျက်မှောင်ကုတ်ကြည့်ပြီး သက်ပြင်းချကာ နေရာကထသည်

gyuvin ကရီပြီး ဆံပင်အဖြူရဲ့ လက်မောင်းကိုလှမ်းဆွဲပြီး "စတာ စတာ ငါအဲ့လောက် မယုတ်မာပါဘူး
၊မင်းက sung hanbin အသံကြားတာနဲ့ ထတာဘဲ"

"ဒါနဲ့ gyuvin, hanbin hyung က ကိတ်တွေထဲပဘာကြိုက်တတ်လဲ"

"သရက်သီး ကိတ် ၊ ludia cafe ကဟာ"

"မင်းကြိုက်တာ ပြောနေတာတော့ မဟုတ်ပါဘူးနော်?"

'ဟုတ်တယ်လေ'
"မဟုတ်ပါဘူး ညီအကိုတွေဘဲ အကြိုက်တူမှာပေါ့"

"အင်းအင်း"

—————————————-

"ricky ရေ ဖတ်စာအုပ် ငှါးပေးပါလား မင်းက တစ်ခြားတစ်ယောက်နဲ့ကြည့်လိုက်"

"ဟာ မင်းနဲ့ငါနဲ့ တစ်ခန်းထဲလေ ၊ ငှါးပေးရင် ငါဘယ်လို ကြည့်ရမှာလဲ"

"တစ်ယောက်ယောက်နဲ့ တူတူကြည့်ပါဆို"

"မင်းဘဲ တစ်ယောက်ယောက်နဲ့ တူတူကြည့်လေ"

BlackmailWhere stories live. Discover now