9.ramen

434 72 9
                                    

"တောင်းပန်တယ်"

"ဟင်" rickyလုပ်ရှားမှုတွေရပ်တန့်သွားတယ် ၊ ရွဲ့ပြီး ပြောနေတာလား ဆိုပြီး မေးကြည့်ချင်ပေမယ့် အသံက တကယ် နူးညံ့ပြီးတော့ မျက်နှာကလည်းမကောင်း ၊ 'ငါစကားပြောမှားသွားပြီထင်တယ်'

"တောင်းပန်တယ်လို့"

'တကယ် အတည်ကြီးပြောနေတာဘဲ ၊
ဒါနဲ့ ဘာကိုတောင်းပန်နေတာလဲ'

"gyuvin ရုတ်တရတ်ကြီး ဘာဖြစ်တာလဲ ?  ဘာကိုလဲ"

"ဒီနေ့ အဆင်မပြေဘူးမလား ၊မိုးလည်းမိသေးတယ် ၊ စာအမြဲလုပ်နေရတဲ့ မင်းက နားချင်မှာဘဲ ငါကအလိုက်မသိခေါ်—"

စကားပြောလို့မပြီးသေးတဲ့ gyuvin ပါးစပ်ကို rickyကလက်နဲ့ ပိတ်လိုက်ပြီးတော့ တွန်းလိုက်တယ်၊ တခြားသောလူလုပ်ရင်း စတယ်မှန်းသိပြီး ၊ ဟျောင့်လွှတ် မင်းကရှုပ်လိုက်တာဆိုပြီး ပြန်စနောက်ပြောနိုင်မှာဆိုပေမယ့် rickyမို့လို့ စတယ်မှန်းသိသော်လည်း ရင်ခုန်ပါသည်၊
ခင်လာတာ အနည်းငယ်ကြာသွားပြီဆိုသော်လည်း rickyရဲ့ လက်ချောင်းတွေနဲ့ gyuvinရဲ့ မျက်နှာ ပထမဆုံးထိဖူးတာဖြစ်မည် ။

"ဟျောင့် ငါကဘဲ လိုက်မယ်ပြောတာလေ ၊ပြီးတော့ အခုက နားနေတာဘဲလေ ၊ဒီတိုင်းစာမလုပ်ဘဲ မုန့်စားလိုက် လှဲလိုက် လုပ်နေတာ နားနေတာဘဲလေ ၊ ပင်ပန်းတာတွေလည်း အမ် မရှိတော့ဘူး ၊ ငါတကယ် အဆင်ပြေတယ် gyuvin၊ မိုးရေ ထဲပြေးရတာ အဲ့လောက်ပျော်ဖို့ကောင်းတာ ? ဟို...ဇာတ်လမ်းတွေထဲမှာဆို အဲ့လို အမ်.. ပြေးတဲ့အခန်းတွေ အများကြီးပါတယ်လေ"

ပြောပြီးတော့ ricky လည်း အဲ့လောက်ရှင်းပြရင် ရလောက်ပါပြီ ဆိုပြီးတော့ ခေါက်ဆွဲပြုတ်ဖက် ပြန်လှည့်သွားတယ်

gyuvin ကတော့ ရင်ခုန်ရတဲ့ထဲ စကားနည်းတဲ့ ကလေးကအဲ့လို စကားလှလှလေးတွေ ပြောပေးတဲ့ rickyကိုကြည့်ပြီး 'ငါက မင်းကို ဘယ်လို မကြိုက်ဘဲနေနိုင်မှာလဲ ၊ ပြောသွားတာ တအား ချစ်ဖို့ကောင်းနေတယ်လေ'။

အဲ့ဒီအတွက် ပိုပြီး စိတ်မကောင်းဖြစ်မိတယ်ထင်တယ်။

BlackmailWhere stories live. Discover now