8.pizza

422 64 4
                                    

အတန်းထဲပြန်လာ၍ gunwook ရဲ့ထိုင်ခုံပေါ်က ဖျော်ရည်ဘူးကို ricky ယူ၍
"နည်းနည်းတိုက်" ဟုဆိုကာ gunwook ဖြေမှာကိုမစောင့်ဘဲ ယူသောက်သည် ၊gunwook ကတော့ စိတ်ဆိုးဟန်မရှိပါ ၊

စိတ်ဆိုးဟန်ရှိတာကတော့ kim gyuvin
"ငါခုနက တိုက်တုန်းက ဘာလို့ မသောက်တာလဲ"

"တခြားကောင်မလေး တိုက်ထားတာလေ" gunwook ကို တစ်ငုံယူသောက်ပြီး ပြန်ပေးရင် rickyဖြေလိုက်သည်

"အဲ့တော့ ဘာဖြစ်လဲ?"

"ကြိုက်တဲ့လူကိုပေးထားတာ တခြားလူသောက်ရင်ဘယ်ကြိုက်မှာလဲ ၊ ငါကိုယ်ချင်းစာလို့ပါ ဘဝတူတွေမို့"

ဆရာဝင်လာတာနဲ့ စကားက လက်စပြတ်သွားခဲ့သည်၊

စကားပြတ်သွားပေမယ့် gyuvin ရင်ထဲမှာအောင့်တာပေါ့ ၊ နေသားကျသင့်ပြီထင်ပါတယ်  ၊ricky က အမြဲတမ်း သူကြိုက်ပြီး တန်ဖို့ထားတဲ့လူက gyuvin မဟုတ်ဘူးဆိုတာကို  အမြဲတမ်း သတိပေးနေသလိုဘဲ

အချိန်တန်ရင် နေသားကျပြီး ပျောက်သွားဖို့ဘဲ kim gyuvin မျှော်လင့်နေသည်။

"ကလေးတို့ ကျောင်းအစည်းအဝေးရှိလို့ မင်းတို့ ဒီတစ်ချိန်ပြီးရင် ပြန်လို့ရပြီ"

တစ်တန်းလုံး ဟေးလားဝါးလားနဲ့ လက်ခုပ်တီးသူကတီးပျော်နေကြသည်

rickyလည်းပျော်ပေမယ့် သူပီသစွာ တည်တည်ငြိမ်ငြိမ်နေသည် ၊

"rickyရား အိမ်လာလည်ပါလား"

လက်တို့ပြီး မေးတဲ့လူက တခြားမဟုတ် kim gyuvin ၊ နေ့တိုင်း နီးပါး သွားနေရတဲ့ အိမ်မှာနေတဲ့လူ

"ငါမင်းအိမ် နေတိုင်းနီးပါးလာနေရတာလေ ညနေကျရင်လည်း han bin hyungနားလာရမှာဘေ"

ကျူရှင်ပြီးရင် သင်တန်း ၊ သင်တန်းပြီးရင် ဂိုက်တစ်ခုပြီးတစ်ခုသွားနေရတဲ့ ricky အတွက် ဒီလို အချိန်လေးရတဲ့ အချိန်မှာ နားချင်ပါသည်

" ဟာ မင်းကလည်းကွာ ၊ ငါတို့ကျောင်းမှာမဟုတ်ရင် မတွေ့ဘူးလေ တူတူ လျှောက်လည်ဖူးတာလည်း မရှိဘူး၊ မင်းမှာနောက်နေ့ဆိုရင် အချိန်လည်းမရှိဘူးမလား"

BlackmailWhere stories live. Discover now