7.water

465 74 4
                                    


"ရော့ ချောကလတ် milk"

"ငါမသောက်ချင်ဘူး"

"အဲ့ဒါသိလို့ mango milkလည်းလည်းရှိတယ်"

"ငါမကြိုက်တာ မဟုတ်ဘူး မသောက်ချင်တာလို့"

"အဲ့ဆိုသောက်ချင်တဲ့အချိန်သောက်ပေါ့ နှစ်ခုလုံးထားခဲ့မယ်နော် အိုပါး"

"အေအေ သွားသွား"
ကန်တင်းမှာ ထမင်းစားနေတုန်း လာရှုပ်နေတဲ့ ကောင်မလေးကို gyuvin သွားရင်ပြီးရော ဆိုပြီး မောင်းထုတ်လိုက်တယ်။

"ဝေါင်း gyuvin ငါ့ကို ထားပြီးအသစ်ရနေပြီလား" ကောင်မလေးသွားလိုက်တော့သူ့ကိုလာစတဲ့ ဘေးမှထိုင်နေတဲ့ shen ricky ၊

ရီပြီးစနိုင်သေးတာဘဲ မနာလိုတာလေး ဘာလေးများဖြစ်မလားလို့ gyuvin စိတ်ကူးတောင်ယဉ်ခွင့်မပေးပါ။

ကန်တင်းမှာgunwookရယ် gyuvinရယ် ricky ထမင်းတူတူစားနေကြသည်

"ricky အဲ့ကောင်မလေးကို ကျေးဇူးတင်လိုက် ၊ မဟုတ်ရင် မင်း gyuvinကိုဝယ်ပေးနေရမှာ"gunwook လည်း gyuvinနဲ့ နဂိုကထက်ပို၍ခင်လာပြီ ဖြစ်၍ hyung တပ်မခေါ်တော့ပါဘူး

"အေ မင်းကို ကြိုက်နေတာ မဟုတ်ဘဲ ငါ့လိုတစ်ခုခုနဲ့ ခြိမ်းခြောက်ထားတာမလား"

"မခြိမ်းခြောက်ပါဘူး !!!" စိတ်ဆိုးတဲ့ လေသံနဲ့ အော်ပြီးပြောတာကို တခြားနှစ်ယောက်က ရယ်တယ်

အမှန်တစ်ဝက် အမှားတစ်ဝက်ပါပါတယ်၊
သူမခြိမ်းခြောက်ဘူးဆိုတာတော့ အမှန်ပြောတာပါ ၊ အဲ့ကောင်မလေးက အိမ်ဘေးက အိမ်ချင်း ခင်တဲ့ ကောင်မလေးဖြစ်ပြီးတော့ သူ့crush ကခွေးချစ်တယ်ဆိုလားဘဲ ၊ အဲ့တာ ဖလစ်ဖို့ gyuvinရဲ့ ခွေးငှါးပေးရန် လာဘ်လာထိုးနေခြင်းဖြစ်သည်

'ငါ့သားလေးကို ငှါးပေးစရာလား'
gyuvin က လူအထင်ကြီးအောင်လို့ သူ့ကိုကြိုက်လို့လာပေးတာဆိုပြီး ပေးထင်ထားလိုက်တယ်
လူဆိုတာ shen rickyပေါ့

"ဉီးနှောက်ပါရင် မင်းကို ဘာလို့ကြိုက်မှာလဲ"

'အော် ဘယ်လောက်ဘဲ မင်းဖြစ်နေပါစေ ငါစိတ်ဆိုးတတ်သေးတယ် shin rickyရဲ့'
သဘောကျတဲ့ သူကပြောလို့ ရင်ထဲ နည်းနည်းနေရခက်တာက တစ်ဝက် ၊သူငယ်ချင်းချင်း စတာမို့လို့ ပေါ့ စိတ်ဆိုးတာက တစ်ဝက် ၊
gyuvinလည်း ဘယ်လို ခံစားရတယ်ပြောရမလဲ မသိပါ၊

BlackmailWhere stories live. Discover now