အပိုင်း(၂၂) Unicode

653 101 11
                                    

[မို့လိဟွား=စံပယ်ပန်း]

အနံ့အာရုံထဲ မွှန်ထူနေသည့်အမွှေးတိုင်ရနံ့များကြောင့် အအိပ်ဆတ်သည့်ဝမ်ရိပေါ်မျက်လုံးများပွင့်လာသည်။အခြားသောအိပ်ဆောင်များနှင့်မတူညီစွာ ရှင်ဘုရင်​၏အိပ်ရာသည် အိပ်ဆောင်ကြမ်းပြင်နှင့်လှေကားသုံးထစ်စာအမြင့်၌ရှိသည်ဖြစ်၍ ဝမ်ရိပေါ်မျက်လုံးများဖွင့်လိုက်သည်နှင့် အိပ်ဆောင်ထောင့်၌ခပ်လှုပ်လှုပ်ဖြစ်နေသောရှောင်းကျန့်ကိုအပေါ်စီးမှတန်းနေအောင်မြင်နေရ​၏။

ဝမ်ရိပေါ်ချက်ချင်းမထသေးဘဲကြည့်မြဲတိုင်းသာဆက်ကြည့်နေသည်။လူတစ်ယောက်​၏ခေါင်းမာမှုကိုလွယ်လင့် တကူရိုက်ချိုးပစ်လို့မရမှန်းစိတ်ထဲသုံးသပ်မိနေခြင်းဖြစ်​၏။

အဘိုးဖြစ်သူနှင့်ခြောက်လျှင်တုန်နေအောင်ကြောက်ပြသည်။လုပ်ပုံတွေကဟုတ်လားဆိုရင်တော့မဟုတ်။မနက်မိုးလင်းတိုင်းမိုးနတ်မင်းကိုရှိခိုးနေသည်မှာလည်း နှစ်ယောက်အပြင်မရှိ။ဆည်းကပ်လိုက်ရသည့်အမွှေးတိုင်၊ဆက်သလိုက်ရသည့်သစ်သီးများကနန်းတွင်းနတ်ဆရာပင်အရှုံးပေးရမည့်အသွင်ဖြစ်သည်။

ထို့ကြောင့်အင်မတန်လိမ္မာရေးခြားရှိပြီးရိုသေကိုင်းရှိုင်းတတ်သည်လားဆိုတော့လည်းမဟုတ်ပြန်။အရေးလည်းကြုံရော မြောက်နန်းဆောင်ကိုမီးရှို့သည့်ကိစ္စအား မိုးနတ်မင်းကိုလွှဲချပစ်လိုက်ခြင်းမှာ ခပ်လွယ်လွယ်ပင်ဖြစ်သည်။

"ဗိုက်ဆာနေပြီလား ကုကူ..."

မိုးနတ်မင်းကိုဦးချပြီးနောက် ရှောင်းကျန့်သူ့ဘေးမှာကပ်နေသည့် ကတ္တဝါငှက်လေးကိုမေးလိုက်သည်။ "ကုကူ"ဆိုသည်မှာ ထိုငှက်လေးကိုရှောင်းကျန့် ပေးထားသည့်နာမည်ဖြစ်ပြီး၊ တကူးကူးအော်တတ်သည့်အသံကိုအစွဲပြု၍မှတ်ခေါ်ထားခြင်းဖြစ်သည်​။

"အမွှေးတိုင်ကုန်တဲ့အထိစောင့်နော်..."

ရှောင်းကျန့်ပြောသည်ကို ကုကူ နားလည်ဟန်ရှိသကဲ့သို့တပေါက်ပေါက်ခုန်ပြီး ခေါင်းညိတ်ပြသည်။ရှောင်းကျန့်သည်ပူဇော်ထားသည့်အမွှေးတိုင်အား မြန်မြန်ကုန်စေရန်အလို့ငှာ လက်ဖြင့်ယပ်ခတ်လို့နေပြီး ကုကူသည်လည်း အတောင်ပံဖြင့်ခတ်လို့နေ​၏။

Ineluctable Where stories live. Discover now