အပိုင်း(၂၈) Unicode

846 111 31
                                    

နန်းဆောင်အတွင်းမှာတစ်ဦးတည်းကျန်ခဲ့သောရှောင်းကျန့်သည်သူထွက်ခွင့်ရသောအိပ်ဆောင်အပြင်ဘက် ဧည့်တွေ့ဆောင်​၏ထောင့်၌ရှိသော လူတစ်ရပ်စာမကသည့်စာအုပ်စင်တစ်ခုရှေ့တွင်ရောက်ရှိနေသည်။

ထိုသစ်သားစာအုပ်စင်ပေါ်တွင်နန်းတွင်းရေးရာသမိုင်း ကြောင်းများနှင့်ဗဟုသုတရဖွယ်ကျမ်းစာအုပ်ပေါင်းများစွာရှိနေသည်ဖြစ်ပြီး၊ စာအုပ်စင်​၏အောက်ခြေမှစ၍တစ်ထပ်ချင်းစီကိုတစ်အုပ်မချန်ရှောင်းကျန့်လိုက်ရှာရင်းသူ့မျက်လုံးများကိုအလုပ်ပေးနေသည်။ခြေဖျားထောက်ခေါင်းမော့နေသောရှောင်းကျန့်သည်ဇက် ညောင်းလာသည်ကြောင့် ထိုင်ခုံရှည်တစ်ခုကိုဆွဲယူသည်။

ထိုသို့ရှာဖွေနေရင်း အပေါ်ဆုံးအထပ်ရှိစာအုပ်များကြား၌ သူလိုချင်သည့်ကျမ်းစာအုပ်တစ်ခု​၏ခေါင်းစဉ်ကိုမြင်လိုက်ရသည်ကြောင့် မျက်လုံးများလက်ခနဲဖြစ်သွားပြီး ထိုကျမ်းစာအုပ်နှင့်အတူ ခုနကသူဖယ်ထားသည့် "နန်းတွင်း​၏ရာထူးအရာခံအဆင့်ဆင့်များ"ဆိုသည့်စာအုပ်ကိုယူလိုက်ပြီးလျှင် ထိုင်ခုံပေါ်မှဆင်းကာနေရာမပျက်ပြန်ထားလိုက်ပြီး၊ စာအုပ်နှစ်ခုကိုကိုင်၍ အိပ်ဆောင်အတွင်းသို့ပြန်ဝင်သွား​၏။

ပထမဦးဆုံးအနေဖြင့် ရာထူးအရာခံများနှင့်ပတ်သက် သောစာအုပ်ကိုရှောင်းကျန့်ဖွင့်ကာကြည့်သည်။စာအုပ်ထဲဖော်ပြထားချက်အရ၊ နန်းတွင်း၌ ရှင်ဘုရင်ပြီးလျှင် မိဖုရားခေါင်ကြီးမှာ အာဏာအရှိဆုံးဟုသိမှတ်ရပြီး၊ မြောက်နန်းဆောင်၌စံမြန်းရသောမိဖုရားကို မိဖုရားခေါင်ကြီးအဖြစ်သတ်မှတ်သည်ဟုရေးသားထားသည်ကြောင့်ရှောင်းကျန့် ခေါင်းအနည်းငယ်ရှုပ်သွား​၏။

သူခေတ္တနေထိုင်ခဲ့သော (တစ်နည်းအားဖြင့်)သူမီးရှို့ခဲ့သည်ကြောင့်လက်ရှိပြုပြင်နေရသောနန်းဆောင်သည် မြောက်နန်းဆောင်ဖြစ်သည်ဆိုလျှင် သူ့လိုသုံ့ပန်းတစ်ဦးကို ထိုနန်းဆောင်မှာဘာကြောင့်ထားရှိလဲရှောင်းကျန့်စဉ်းစားမရဖြစ်နေသည်။သို့သော်ထိုအကြောင်းကိုဆက်လက်မစဉ်းစားတော့ဘဲ သူအကောင်အထည်ဖော်လိုသည့်ကိစ္စတစ်ရပ်ကိုဆောင်ရွက်ရန် အတွက် စာရွက်အလွတ်တစ်ရွက်နှင့် စုတ်တံတစ်ခုကိုယူလိုက်​၏။

Ineluctable Where stories live. Discover now