"အရှင်က ဘယ်သွားမလို့လဲ..."
နန်းဆောင်ထဲမှထွက်ဖို့လုပ်နေသည့်သူ့ကိုကြည့်ပြီးမေးလာသူကို ဝမ်ရိပေါ်ကြည့်လိုက်သည်။
သူ့ကိုယ်ပေါ်၌စစ်ရေးလေ့ကျင့်သည့်အဝတ်အစားများဝတ်ဆင်ထားခြင်းမဟုတ်သည်ကြောင့် သူတစ်နေရာသွားမယ်မှန်းသိနေ၍မေးနေခြင်းဖြစ်၏။အကောင်းမေးနေခြင်းတော့မဖြစ်နိုင်။အခုနောက်ပိုင်းအဆောင်ထဲမှာတစ်ယောက်တည်းချန်ထားဖို့တောင်သိပ်စိတ်မချရ။ဒီတစ်ယောက်ရဲ့ခေါင်းသေးသေးထဲမဟုတ်တဲ့အကြံတွေကအပြည့်။
"ကျုပ်ဘယ်သွားမယ် ဘာလုပ်မယ်ဆိုပြီး ခင်ဗျားကိုသံတော်ဦးတင်နေရဦးမှာလား..."
ခပ်ဆတ်ဆတ်ပြောလိုက်တော့ ခေါင်းခါပြလာသည်။
"အဘိုးဆီခဏသွားလို့ရလား..."
နှုတ်ခမ်းပါးတွေကလှုပ်စိစိဖြစ်နေပြီဆိုကတည်းက တစ်ခုခုတောင်းဆိုတော့မည်မှန်းသူသိပြီးသားဖြစ်သည်။ဒီလိုအချိန်မျိုးဆို ပုံမှန်မထုံတက်သေးမျက်နှာပေးကပျောက်ပြီး ချက်ချင်း မခုတ်တတ်တော့သည့် ကြောင်တစ်ကောင်လိုမျိုး။
"မရဘူး..."
"အဆောင်ထဲမှာ တစ်ယောက်တည်းပျင်းတယ်..."
"ပျင်းရင် ခင်ဗျားရဲ့ ငှက်နဲ့ စကားပြောနေ..."
"လိုက်မယ်..."
"ဘယ်ကိုလိုက်မှာလဲ..."
"အရှင်သွားတဲ့နောက်ကို လိုက်ချင်တယ်..."
"မလိုက်နဲ့..."
"လိုက်မယ်...ခေါ်သွား..."
"စကားတစ်ခွန်းကို နှစ်ခါမပြောဘူး..."
ဝမ်ရိပေါ်ပြောပြီး သူ့လက်ကောက်ဝတ်ကိုကိုင်ထားသည့် ရှောင်းကျန့်၏လက်ကိုအတင်းအကြပ်ဖြုတ်ချလိုက်၏။
"ဝဋ်-လိုက်-မှာ..."
ပီပီသသတစ်လုံးချင်းကြားလိုက်ရသည့်စကားကြောင့် ဝမ်ရိပေါ်ချာခနဲပြန်လှည့်လာပြီး...
"ဘာပြောလိုက်တယ်..."
"စကားတစ်ခွန်းကို နှစ်ခါမပြောဘူး..."
"ဘာ..."
သူ့နည်းတူ တစ်လေသံတည်း ပြန်ပြောလိုက်သည့် ရှောင်းကျန့်ဆီသို့ ဝမ်ရိပေါ်လျှောက်လာကာမျက်နှာကိုလက်တစ်ဖက်တည်းနဲ့ညှစ်ကိုင်လိုက်ပြီး...
YOU ARE READING
Ineluctable
Randomရိုးတံနက်နက် စံပယ်တစ်ပွင့်သည် ကေသရာဇာ၏ နှလုံးသားအလယ်ဗဟိုတွင်တည့်တည့်စိုက်၏။ Cover Photo Crd: