မနက် ၂ နာရီအချိန်ဖြစ်သည်။
အိပ်ရာထက်ပက်လက်အနေအထားဖြင့် မျက်လုံးများကိုမှိတ်ထားလျက်အိပ်ပျော်နေသည်ဟုထင်ရသောရှောင်းကျန့်သည်အိပ်မက်ဆိုးတစ်ခု၏ခြောက်လှန့်မှုအောက် ခေါင်းကိုဘယ်ညာခါရမ်းလို့နေသည်။
ခြုံထားသည့်စောင်ကိုဆုပ်ထားသည့်လက်များသည် ကျိုးကြေလုမတတ်တင်းကြပ်လို့နေကာ တစ်စုံတစ်ခုမှ လွတ်မြောက်ဖို့အသည်းအသန်ကြိုးစားနေရသည့်အခါနဖူးစပ်တို့သည်ချွေးစို့လာပြီး နာကျင်မှုကို ထိန်းချုပ်ထားဟန်ကိုက်ထားမိသည့်အောက်နှုတ်ခမ်းသည် သွေးခြေဥစပြုလာ၏။
မေတ္တာတရားဟူသည်အလျင်းမပါ။ကြင်နာခြင်းဟူသည် တစိုးတစိမရှိ။
ဒေါသဆန်သည့်မျက်ဝန်းများဖြင့်သူ့ကိုအုပ်မိုးစိုက်ကြည့်နေသည့်လူသည် သူ့အား အလိုမတူအဓမ္မဆန်စွာဖျက်ဆီးနေသည်။သူ့အသွေးအသားတို့သည်အညှာအတာမဲ့ ရှိုက်သုံးခံနေရမှုအောက်မှာ ခန်းခြောက်လုနီးနီးဖြစ်လာသည်။သူ၏စိတ်ဓာတ်တို့သည်ချောက်ကမ်းပါးတစ်ခု၏အမှောင်မိုက်အနက်ရှိုင်းဆုံးနေရာသို့ထိုးဖောက်၍ ဟိုးငရဲဘုံထိရောက်အောင်ပင်တစ်စစီကျိုးပဲ့ခုန်ဆင်းလို့နေသည်။
ဒါဟာအိပ်မက်။ဒါဟာအိပ်မက်တစ်ခုဖြစ်သည်။အိပ်မက်ပေါင်းများစွာထဲမှာမှ သူဘယ်သောအခါမှ နောက် တစ်ကြော့ပြန်မရောက်လာစေချင်သည့် အတိတ်အိပ်မက်တစ်ခုသည် သူ့ဆီဆိုက်ဆိုက်မြိုက်မြိုက်နောက် တစ်ခေါက်ထပ်ရောက်လာခဲ့ခြင်းဖြစ်သည်။
"ဟင်း~~"
ရှောင်းကျန့် အသည်းအသန်ရုန်းကုန်နေပြီးမှ မသိစိတ် ကိုသိစိတ်ကတဖြည်းဖြည်းအနိုင်ယူလာဟန်ရှိကာကိုယ်ကိုယ်ကိုယ်သတိပေးစကားများဆင့်ကာဆင့်ကာပြော၍လှုပ်နှိုးနေသည်။
နိုးထဖို့သင့်ပြီ။ဤမျှလောက်ခံစားပြီးရင်နိုးထဖို့သင့် နေပြီဖြစ်သည်။
ဒီညအဖို့သူ့ဝဋ်ကြွေးကျေပြီဆိုလည်းဒီဝဲဂယက်ထဲကနေ လွတ်မြောက်ခွင့်ပေးပါတော့...!!!
आप पढ़ रहे हैं
Ineluctable
बेतरतीबရိုးတံနက်နက် စံပယ်တစ်ပွင့်သည် ကေသရာဇာ၏ နှလုံးသားအလယ်ဗဟိုတွင်တည့်တည့်စိုက်၏။ Cover Photo Crd: