[၁၉၄] မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း။

1.8K 377 5
                                    

Arc(9) မိစ္ဆာနတ်ဘုရား၏ရည်းစားဟောင်း(၉)။

လင်ခုံးလုမှာရွှီယန့်ထိုသို့ပြောလာလိမ့်မည်ဟုမထင်ထားမိပေရာ ပြောစရာစကားမဲ့သွားရသည်။

"သူကစာအိတ်ကိုတွန်းပို့နေတာပဲ။"
သူမနေနိုင်ဘဲစနစ်ကိုကွန်ပလိန်းတက်မိသည်။
"ငါလုံလောက်အောင်အရှုံးပေးထားပြီးပြီမဟုတ်ဘူးလား။"

နှင်းဆီပန်းတင်သွားတဲ့နေရာကိုပြပြီးတော့ထိပါထိခွင့်ပေးလိုက်ပေမဲ့ သူကအခွင့်ကောင်းယူပြီးတော့ကောင်းကောင်းမွန်မွန်ပြုမူနေတုန်းပဲလား။

0687: "...."

"ခြေလှမ်း၉၉လှမ်းလှမ်းပြီးပြီဆိုတော့ ဒီတစ်လှမ်းကိုမလွဲချော်နဲ့တော့လေ။ မဟုတ်ရင်..."
0687ကနားချသည်။

လင်ခုံးလုပြောလိုက်သည်။
"အမှန်ပဲ။ ၉၉လှမ်းလှမ်းပြီးပြီ။ သူဒီတစ်လှမ်းကိုသေချာပေါက်မလွဲသင့်ဘူး။"

0687: "?"

ဒီတော့လင်ခုံးလုနှစ်စက္ကန့်ကြာကြောင်အမ်းသွားပြီးမှမှားယွင်းချင်ယောင်ဆောင်လိုက်သည်။
"မင်းပြောတာမှန်တယ်။ ရှပူးအာကစုန့်လင်ပိုင်တာ။ မင်းညလယ်ခေါင်ကြီးငါ့အခန်းထဲလာတာကိုသူ​မြင်သွားရင်တကယ်ဆိုးဝါးသွားလိမ့်မယ်။"

ရွှီယန့်တောင့်ခဲသွားရသည်။ သခင်လေးကနောင်တရသွားပြန်ပြီလား။

မည်သို့ပင်ဖြစ်စေ သူဆုံးရှုံးလိုက်ရသည့်အလား ရုတ်ခြည်းအနည်းငယ်နှမြောတဿဖြစ်သွားရသည်။

ဒါပေမဲ့ဒီမနက်တုန်းကသခင်လေးကစုန့်လင်ကိုသူ့စေ့စပ်ထားသူအဖြစ်ဝန်မခံခဲ့ဘူးမဟုတ်လား။ ဘာလို့အခုကျမှအိမ်တော်ထိန်းမြင်သွားမှာစိုးရိမ်နေတာလဲ။ ဟက်၊ သူကလူလိမ်လေးပဲ၊ သူ့ပါးစပ်ထဲကစကားလုံးဘယ်နှလုံးကမှန်မှာလဲ။

ရွှီယန့်ရင်ထဲမှာအကြောင်းမဲ့စိတ်ဖိစီးသွားရကာ သူ့မျက်လုံးအနည်းငယ်မည်းမှောင်သွားလေသည်။

သို့သော်လူလိမ်လေးကသူ့ကိုအပြစ်ကင်းစွာကြည့်ကာရိုးသားစစ်မှန်စွာဆိုလာသည်။
"ဒါမှမဟုတ် ငါမင်းအတွက်ပြတင်းပေါက်ဖွင့်ပေးထားမယ်၊ မင်းညကျရင်ပြတင်းပေါက်ကကျော်ပြီးအထဲခိုးဝင်လာလို့ရတယ်လေ။"

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-2 ]Where stories live. Discover now