[၂၄၇] ရှုံးနိမ့်သွားသောမာရှယ်။

1.1K 255 8
                                    

Arc(10) ရှုံးနိမ့်သွားသောမာရှယ်(၂၅)။

နန်းတွင်းအာဏာသိမ်းမှုကိုလူတိုင်းသိလိုက်ပြီးသိပ်မကြာခင်မှာ စစ်တပ်ကစီနီယာအရာရှိများနှင့်ပါလီမန်ကအစည်းအဝေးကျင်းပပြီး ဘုရင်အိုကြီးအန်ဒရီ၏ပြစ်မှုများကိုကြေငြာကာ ဧကရာဇ်ကိုနန်းချလိုက်ပြီဖြစ်ကြောင်းနှင့်တရားရုံကိုလိုက်ပါပို့ဆောင်လိုက်ပြီဖြစ်ကြောင်းကြေငြာချက်ထုတ်ခဲ့သည်။

ပြီးတော့အစပိုင်းစစ်ဆေးမှုအပြီးမှာ အင်ပါယာကိုသစ္စာဖောက်မှုနှင့်ပြည်တွင်းစစ်ကိုတမင်လှုံ့ဆော်မှုအပြင် အန်ဒရီကပြည်သူလူထုအပိုင်ကိုဘဏ္ဍာအဖြစ်သိမ်းကာ လူထုကိုအကျင့်ပျက်ခြစားခဲ့သည်ကိုပါစစ်တပ်ကရှာတွေ့ခဲ့သည်။

သတင်းကြေငြာလိုက်သည်နှင့် လူထုကတစ်ဖန်အော်ဟစ်ကာကျိန်ဆဲကြပြန်သည်။ ဧကရာဇ်ကိုနန်းချတာကတော့...ဘာပဲဖြစ်ဖြစ်၊ အင်ပါယာကမာရှယ်ဒီလိုလုပ်တာပထမဆုံးအကြိမ်မဟုတ်ပေ၊ ဧကရာဇ်ကတကယ်သည်းမခံလောက်စရာဖြစ်နေတာဆိုတော့ပြောမနေနှင့်တော့။ လူတိုင်းတစ်အောင့်ကြာအံ့အားသင့်သွားပြီးနောက်လက်ခံလိုက်ကြသည်။

လူတစ်ချို့ဆိုလက်ခုပ်လက်ဝါးပါတီးပြီး တော်ဝင်မိသားစုကိုပါအတူရှင်းပစ်လိုက်တာပိုကောင်းမည်ဟုတွေးလိုက်ကြသည်။ ဧကရာဇ်ဟောင်းကရက်စက်ကာခက်ထန်တဲ့အပြင် ဒီတစ်ယောက်ကလည်းမကောင်းပေ။ ဒီလိုဆိုလူတိုင်းရဲ့အခွန်ငွေကတော်ဝင်မိသားစုရဲ့ဂုဏ်သိက္ခာထိန်းသိမ်းဖို့နှစ်တိုင်းအဖြုန်းခံခဲ့ရတာပဲ။ ငွေစုပြီးမှန်ကန်တဲ့နေရာမှာသုံးတာပိုကောင်းတယ်။

ဒါပေမဲ့တော်ဝင်မိသားစုကိုရှင်းပစ်တာကတအားများသည်၊ အင်ပါယာထဲကလူတိုင်းကဧကရာဇ်မရှိမှုကိုလက်မခံနိုင်ပေ၊ အထူးသဖြင့်တော်ဝင်မိသားစုဘက်ကလူများပင်။

အရင်ဘဝကလင်ခုံးလုအင်ပါယာနန်းတော်ကိုပြန်တိုက်ခဲ့သည်။ ထို့အပြင်ထိုအချိန်ကအင်ပါယာမှာဘုရင်အိုကြီးကြောင့်ရှုပ်ထွေးနေပြီဖြစ်သည်။ သူကနဂိုအမိန့်ကိုဖျက်ဆီးကာပြန်တည်ဆောက်ပြီး တော်ဝင်မိသားစုကိုလုံးဝရှင်းပစ်ကာ ဖိအားမြင့်နည်းလမ်းများကိုသုံးပြီးကန့်ကွက်သံများကိုဖိနှိပ်ခဲ့သည်။

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-2 ]Tahanan ng mga kuwento. Tumuklas ngayon