[၂၄၂] ရှုံးနိမ့်သွားသောမာရှယ်။

1.3K 288 14
                                    

Arc(10) ရှုံးနိမ့်သွားသောမာရှယ်(၂၀)။

လင်ခုံးလုကျားလိကိုစစ်တပ်စည်းမျဥ်းအရအပြစ်ပေးပြီးနောက် သူသူမနှင့်ခိုင်ချန့်ကိုလက်ဝေ့ရမ်းကာပြန်ခိုင်းလိုက်သည်။

အခြားသူများထွက်သွားပြီးနောက် ဟော့ရှီစစ်ကအခန်းထဲမှထွက်လာပြီး သူ့ကိုအနောကမှပွေ့ဖက်ကာနားထဲမှာတီးတိုးပြောလိုက်သည်။
"သတင်းကိုပိတ်ပြီးလုပ်ကြံသူတွေကိုဝင်လာခိုင်းပြီးတော့အရှင်မင်းကြီးကိုအန္တရာယ်ဖြစ်စေတဲ့ကိစ္စကတအားပေါ့လွန်းမနေဘူးလား။"

လင်ခုံးလုချောင်းအသာဟမ့်ကာရှင်းပြလိုက်သည်။
"သူမကလူဆိုးမဟုတ်ဘူး၊ ဒါပေမဲ့..."

"သူမကဒီတိုင်းကိုယ့်ကိုတမင်ပစ်မှတ်ထားခဲ့ရုံပဲ။"
ဟော့ရှီစစ်ကသူ့စကားကိုဖြတ်ချပစ်လိုက်သည်။

လင်ခုံးလု: "....."

"ကိုယ်တော်မင်းဘက်လိုက်ခဲ့မိတာ။"
သူချောင်းထပ်ဟမ့်ကာပြောလိုက်သည်။
"မျိုးနွယ်စုနှစ်စုတိုက်ပွဲကြောင့် သူမလည်းအဲ့လိုထင်မှာပဲ။ ပြီးတော့ကိုယ်တော်သူမကိုပြောပြီးပြီ။"

ဟော့ရှီစစ်သက်ပြင်းအသာချလိုက်မိပြီး ကျားလိ၏သဘောထားကိုတကယ်စိတ်ထဲမထားဘဲလင်ခုံးလု၏လုံခြုံရေးအတွက်စိတ်ပူမိရုံသာဖြစ်သည်။

အဆုံးမှာတော့အရင်ဘဝမှာတစ်ဖက်လူကသိပ်မဝေးသောအနာဂတ်မှာမထင်မှတ်ဘဲသေဆုံးသွားခဲ့သည်။ ဒီတစ်ခေါက်လုပ်ကြံမှုက....

သူမနေနိုင်ဘဲခပ်တင်းတင်းပွေ့ဖက်ကာနားထဲမှာတီးတိုးပြောလိုက်မိသည်။
"အရှင်မင်းကြီးကျွန်တော့်ကိုလျော်ကြေးပေးရမယ်နော်။"

လင်ခုံးလုဇဝေဇဝါဖြစ်သွားကာမေးလိုက်မိသည်။
"မင်းဘာလျော်ကြေးလိုချင်လို့လဲ။"

ဟော့ရှီစစ်ကရုတ်ခြည်းခေါင်းငုံ့ကာသူ့လည်တိုင်ကိုနမ်းပြီးအမှတ်အသားပေါ်လာတတ်သည့်နူးညံ့ဖြူဖွေးသောအရေပြားကိုအသာရှူလိုက်သည်။ သူခပ်လှမ်းလှမ်းမှာစောင့်ကြပ်နေသည့်ချက်စတာကိုမျက်ဝန်း​ထောင့်မှတစ်ချက်ကြည့်ကာအက်ရှရှအသံနှင့်ပြောလိုက်သည်။
"ချက်စတာကိုအဝေးကိုပြောင်းရွှေ့တာ။"

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-2 ]Where stories live. Discover now