[၂၄၆] ရှုံးနိမ့်သွားသောမာရှယ်။

1.2K 252 4
                                    

Arc(10) ရှုံးနိမ့်သွားသောမာရှယ်(၂၄)။

ဟော်ရှီစစ်ကအန်ဒရီ၏အကြံကိုသိလိုက်ရပြီးနောက် သူသွေးထိုးခံထားရသည့်စပိုင်များကိုပုန်ကန်အောင်လုပ်လိုက်သည်။

ဒီတော့ထိုညမှာရှေ့တန်းအခြေစိုက်စခန်းကတော်ဝင်အာကာသတပ်ဖွဲ့ကရုတ်တရက်အနောက်မှာစခန်းချထားသည့်တော်ဝင်တတိယမြောက်ရေတပ်ကိုဒုံးကျည်အများအပြားပစ်လွှတ်ခဲ့ပြီး ရေတပ်ကတန်ပြန်တိုက်စစ်ဆင်သည်။

ထို့နောက်ချက်ချင်းပင်၊ ဧကရာဇ်အန်ဒရီကတီဗွီပေါ်မှာရုတ်တရက်ပေါ်လာကာလေးလံသောမျက်နှာထားနှင့်ကြေငြာလာသည်။
"ခုနကပဲအင်ပါယာကိုသစ္စာဖောက်ပြီးတော့ဇာ့ဂျ်နဲ့ပူးပေါင်းကြံစည်ခဲ့တဲ့တော်ဝင်မာရှယ်ဟောင်းဟော့ရှီစစ်ကရှေ့တန်းအာကာသတပ်ဖွဲ့ကိုတတိယရေတပ်ကိုတိုက်ခိုက်ပြီးတော့စစ်ပွဲစဖို့အမိန့်ပေးခဲ့ပါတယ်..."

ဒီသတင်းကိုမြင်တော့အင်ပါယာပြည်သူပြည်သားမှာမိန်းမောသွားသည်အထိရှော့ခ်ရသွားသည်။ သူတို့အသိပြန်ဝင်လာချိန်မှာသူတို့ချက်ချင်းထိတ်လန့်သွားမိသည်။

တတိယရေတပ်ကတာ့ဂလက်စီအနောကမှာရှိတာ။ ဇာ့ဂျ်နှင့်ဆန့်ကျင်တိုက်ခိုက်ရန်ဒုတိယခံတပ်ဖြစ်ပြီးတော့ တော်ဝင်အင်ပါယာ၏ဗဟိုတပ်ပိုင်ဆိုင်သည်။

ဒါပေမဲ့အခုတော့ရှေ့တန်းအာကာသတပ်ဖွဲ့ကရုတ်တရက်တစ်ပတ်လှည့်ပြီးဒီကိုတိုက်ခိုက်လာတယ်။ ဒါကကိုယ့်မိသားစုကိုယ်တိုက်ခိုက်တာမလား၊ ပြည်တွင်းစစ်ဖြစ်တော့မှာလား။

​သွားပြီ၊ သွားပြီ၊ ရှေ့တန်းမှာစခန်းချထားတဲ့တပ်သားတစ်သန်းနီးပါးရှိတယ်။ သူတို့မှာလက်နက်ကောင်းကောင်းရှိပြီးတော့တော်ဝင်စစ်တ​ပ်ခွန်အားစုစုပေါင််း၏သုံးပုံတစ်ပုံရှိတာ။ ရှေ့တန်းကကွန်မန်ဒါဟော့ရှီစစ်ကလည်းတော်ဝင်မာရှယ်ဖြစ်ခဲ့ဖူးတယ်။ ရှေ့တန်းမှာမရှိတဲ့အခြားတပ်တွေကလည်းသူ့အာဏာအောက်မှာရှိတယ်။ ဌာနထဲကဗိုလ်ချုပ်တွေအများကြီးကိုသူရာထူးတိုးပေးခဲ့တာ။

ထို့ကြောင့်ရှေ့တန်းကအင်ပါယာကိုဆန့်ကျင်တိုကခိုက်ချိန်မှာတိုက်ပွဲခွန်အားကသုံးပုံတစ်ပုံရှိပုံပေါ်ပေမဲ့လက်တွေ့မှာတော့ငါးဆယ်ငါးဆယ်ပဲ။ နေရာအနှံ့မှာစစ်ပွဲတွေဖြစ်လာမှာစိုးတယ်။

ငါလှည့်စားခဲ့တဲ့ဇာတ်လိုက်ပြန်မွေးဖွားလာပြီဟ || ဘာသာပြန် [ Book-2 ]Where stories live. Discover now