အပိုင်း [၁]

41 8 3
                                    

[၁]

တံလျပ်ထနေတဲ့ လယ်ကွင်းပြင်များကို ဖြတ်ပြေးနေတဲ့ ကားတစ်စီးဟာ အရှိန်အဟုန်ပြင်းလို့။သာမာန်လူစီးကားမဟုတ်ပဲ ဝက်စာ(CP)အိတ်တွေ တင်သည့်ကားမို့ အနံ့အသက်မကောင်း။သို့ပေသိ ကိုယ်သွားချင်သော ဒေသက ထိုကားမျိုးနဲ့မှသာ အဆင်သင့်၏။ဒါတောင် လမ်းလျှောက်ပြီး စက်လှေစီးရဦးမည်။

"ဂိတ်ဆုံးပါပြီ"

ကိုယ့်နည်းတူ လမ်းကြုံလိုက်သူကအများသားမို့ ကားပေါ်ကဆင်းတော့ စုစုပေါင်း လူဆယ်ယောက်။ကိုယ်စီကိုယ်စီ ဦးတည်ရာလမ်းခွဲသွားကြတာနောက်ဆုံး ကိုယ်ရယ် မြေးအဖွားဖြစ်ပုံရသော အမျိုးသမီးနှစ်ဦးရယ်သာ ကျန်ခဲ့တော့၏။

နှုတ်ဆက်သည် ဘာညာ မရှိပဲတိတ်တဆိတ်နဲ့ ခရီးဆက်ခဲ့တာ သုံးချိုးတချိုးလောက် ရှိချိန်တွင်မတော့ အဘွားကြီးက စကားစလာသည်။

"အဘွားတို့ လေသာပြင်ကိုသွားမှာ..ဒါနဲ့ လူလေး ကရော"

"မိုးတိမ်ပြင်ကိုပါ.."

"အတော်ပဲကွယ်..လမ်းအတူလျှောက်ပြီး စက်လှေစီးဖို့ အဘွားတို့အဖော်ရပြီ"

မိန်းမသား ၂ ဦးမို့ အသွားအလာ ကြောက်ရွံ့ဟန်ရှိ၏။သို့နှင့် မင်းသိဒ္ဓိတို့ မြေသားဆန်ဆန် လမ်းကြမ်းမှသည် သဲနှုန်းရောသော လမ်းကျဥ်းကလေးကို စတင်လျှောက်ရလေတော့သည်။ဆောင်းနဲ့နွေမှာသာ လမ်းပေါက်ပြီး မိုးတွင်းဆို ဤနေရာတွေက ရေပြင်ကျယ်ကြီး။သင်္ဘောတို့ စက်လှေတို့နဲ့ သာသွားရသည်။

ကျောပိုးအိတ် တလုံးရယ်၊ခရီးဆောင်အိတ်အကြီး တလုံးရယ်ပါသည်မို့ မင်းသိဒ္ဓိအတွက် ဒီလမ်းရှည် ကွေ့ကောက်ကောက်က ချွေးစို့စေ၏။တံတွေးခဏခဏမြိုချရင်း ရှေ့လှမ်းမျှော်ကြည့်တော့ သစ်ပင်များ အုံ့ဆိုင်းနေသော ရွာသေးသေးလေးကို မြင်ရလေ၏။

ဟူး...မောပေဦးတော့ မင်းသိဒ္ဓိရေ။

ထိုရွာရောက်မှ လှေစီးပြီး ဆက်ရမည်။ဒါတောင် နာရီအတော်ကြာမှ လိုရာခရီးကိုရောက်ပါလိမ့်မည်။

"လူလေးက ဒီဒေသက ဟုတ်ဟန်မတူဘူးနော်..အလည်လာရုံလား အရင်ကရော ရောက်ဖူးလား"

"ကမ်းနီး...အလွမ်း ၊ ကမ်းဝေး...မေတ္တာ" [Ongoing]Where stories live. Discover now