အပိုင်း [၃]

23 6 2
                                    

[၃]

နေနည်းနည်းညိုတော့ မင်းသိဒ္ဓိတစ်ယောက် ရေချိုးရန် တဲလေးထဲမှ ထွက်ခဲ့သည်။ပင်ပန်းတာက တကြောင်း အိမ်ရှင်တွေကို အားနာတာကတကြောင်းမို့ သူ တနေ့လုံး အပြင်မထွက်ဖြစ်။သို့သော် အိမ်ရှင် ဒေါ်ဒေါ်သည်တော့ ရေနွေကြမ်း၊လဘက်သုပ်၊ထမင်း အမျိုးစုံအောင် လာပို့ပေးပါသည်။

"ဟော..ငါ့တူကြီးတောင် နိုးလာပြီပဲ"

"ဟုတ်ဗျ"

နှုတ်ဆက်သူက တခြားမဟုတ် အိမ်ရှင်ပါ။အမည်က ဦးကျီးညိုတဲ့။အမည်နဲ့လူနဲ့တော့ဆန့်ကျင်ဘက်ဗျ။လယ်သမားပေမဲ့ အသားဝါညက်သည်။အရပ်တော့သိပ်မရှည်ပေ။

"ရေခပ်ပြီးသား ရှိသကွဲ့၊အေးဆေးမှချိုးပေါ့"

ပုခုံးပေါ် လျှောကျလုလု တဘက်ပိုင်းကို ဆွဲချရင်း ဦးကျီးညိုထိုင်နေသော ဘူးစင်အောက်ရှိ ဖျာကြမ်းလေးပေါ် သူဝင်ထိုင်သည်။

"ရေနွေးကြမ်းသောက်ကွာ..ဦးကြီးကတော့ ခုလိုညနေခင်းဆို ထိုင်သောက်နေကျ၊လဘက်ပွဲမပါပဲကို တမင်သောက်တာ"

သူ့ရှေ့တွင် ရေနွေးကြမ်းအိုးကြီးသည် အငွေ့တထောင်းထောင်း။ဖြာလက်စ ဝါးနှီးတွေကို ဘေးဖက်တွန်းဖယ်ပြီး ချပေးလာတဲ့ ရေနွေးကို တငုံမျှသောက်မိ၏။

"နေဦးကွ..ခုမှသတိရတယ်.. မင်းနဲ့ ကောင်လေး မတွေ့ရသေးဘူးနော်"

"ဟုတ်ကဲ့.. သူအရွယ်ရောက်လောက်ပြီနော်"

"အင်း...နှစ်တွေလည်းကြာခဲ့ပြီပဲကွာ...ကလေးတော့ ဘယ်ဟုတ်တော့မလဲ"

"ကျွန်တော်တောင်းပန်ပါတယ် ဦးကြီး..တကယ်ဆို ကျွန်တော်...."

သူ့ နှုတ်ခမ်းတို့ တိခနဲနေအောင် ပိတ်ပစ်လိုက်ရသည်အထိ ဆက်ပြောစရာစကားတို့မရှိ။ဆက်တိုက်မှားခဲ့ပြီးတာတောင် သူတောင်းပန်စကားကိုဖောဖောသီသီ မပြောနိုင်သေး။

"မင်းကသူစိမ်းလား...ငါ့တူရာ၊တောင်းပန်ရကြေးဆို ဦးကြီးကသာတောင်းပန်ရမှာပါကွာ...အဆက်သွယ်မလုပ်မိခဲ့ဘူး"

မတွေ့ဖြစ်၊စကားလက်ဆုံမကြဖြစ်တာ ဆယ်စုနှစ်တစုရှိခဲ့သော်ငြား ဟိုးအရင်ကအတိုင်း ရင်းနှီးဖော်ရွေနေတုန်းပင်။ဒီကြားထဲ မလာဖြစ်တာတောင် မင်းသိဒ္ဓိအတော့်ကိုလွန်နေပြီ။အမှန်ဆို နှစ်တိုင်းတောင် လာကန်တော့သင့်တာမလား။

"ကမ်းနီး...အလွမ်း ၊ ကမ်းဝေး...မေတ္တာ" [Ongoing]Wo Geschichten leben. Entdecke jetzt