[၂]
လှေဦး ထိုးခွဲလိုက်သည့်အခါ ရေပြင်ကျယ်ကျယ်က လှိုင်းတွန့်သဏ္ဌာန် ဖြစ်လို့သွားသည်။ညနေဆည်းဆာအောက် ရေပြင်သည် ရွှေရည်များပက်ဖြန်းထားသလို တလက်လက်တောက်ပကာ လှချင်တိုင်းလှနေတော့၏။
မတည်ငြိမ်လေတဲ့ ရေပြင်မှာ မျောပါလာတဲ့ အမှိုက်စလေးများသည် လှိုင်းပုတ်မှုကြောင့် အဝေးသို့လွင့်စင်သွားလေသည်။မင်းသိဒ္ဓိလက်ဆန့်ကာပဲ လှိုင်းလိပ်လေးများကို ထိတို့ဆော့ကစားမိ၏။
"ရောက်ပြီဗျား"
သူ့ကို ကျောပေးလျက် တချိန်လုံးငြိမ်နေသူကခပ်ရွှင်ရွှင်လေး ဆိုလျက်သူ့ဘက်လှည့်လာ၏။
"ဟမ်"
ခုမှ အလှအပကို ငေးမိရုံရှိသေး။ရောက်ပြီတဲ့လား။သူ ဝန်းကျင်ကိုဝေ့ဝဲကြည့်လိုက်တော့ မှိုင်းညှို့အုပ်ဆိုင်းနေသော သစ်ပင်ကြီးများကိုသာ တွေ့ရ၏။
"ရောက်ပြီလေ"
ထပ်ပြောလာပြန်သည်။သူ ကြောင်ငေးမိစဥ်မှာပဲ လွှတ်မပေးဖြစ်သေးတဲ့ သူ့အင်္ကျီလက်ရှည်တဖက်စကို ဆွဲယူပြီး မတ်တပ်ရပ်လျက်ပဲ လက်ကမ်းပေးလာသည်။
"စက်လှေကြီးလို့ ဆက်သွားလို့မရတော့ဘူးဗျ..အဲ့တော့ ဟိုးမှာ ကပ်ထားတဲ့ လှော်တက်လှေလေးနဲ့ ရွာဘက်ကူးရမယ်..ရေကျချိန် လမ်းလျှောက်သွားလို့ရတယ် ဒါမဲ့ ခင်ဗျားသာဆိုမနက်လင်းအားကြီးမှ ရွာရောက်မယ်ထင်တယ်"
"အဲ"
ဒါ သက်သက်မဲ့ သူ့ကို အထင်သေးတာ။မင်းသိဒ္ဓိက မြို့သားဆိုပေမဲ့ နုယွပျော့ဖတ်နေတာမဟုတ်။ကျန်းမာကြံ့ခိုင်သည်။ဒင်းလို ကလေးသာသာတောင် ဒီခရီးကိုသွားနိုင်သေးတာပဲ သူက ပိုတောင်လျှောက်နိုင်သေး။
"လျှောက်မယ်လေ"
"ဟား..ဟား"
ကြားလိုက်ရတဲ့ လှောင်ရယ်သံသည် အဆက်မပြတ်တော့ပဲ ကမ်းစပ်ခြုံပုတ်တွေကြား အော်နေတဲ့ဘုတ်မြည်သံတွေကို ဖောက်ထွက်ကာ တဖြည်းဖြည်း ကျယ်လောင်လာသည်။
"ဘာရယ်တာလဲ"
အပီအပြင်စုကျုံ့ထားတဲ့ ခရီးသည်၏ မျက်ခုံးတန်းတွေကို တမေ့တမောကြည့်ရင်းမှ လှောင်ရယ်ခဲ့မိတာအားတုံ့အားနာဖြစ်သွားရ၏။
YOU ARE READING
"ကမ်းနီး...အလွမ်း ၊ ကမ်းဝေး...မေတ္တာ" [Ongoing]
Romanceတံငါရနံ့ သင်းထုံလှိုင်သော မြစ်ဝကျွန်းပေါ်ဒေသလေး၌ ပွင့်လန်းခဲ့သော ချစ်ပန်းလေးတပွင့်။