Part 4

1K 102 3
                                    

Part 4
ရဲမျိုးဇာနည်စိတ်သောကရောက်နေတယ်။ စိတ်သောကရောက်တာမှ တော်တော်ကြီးကိုသောကရောက်နေတာ။
အဲဒါက တခြားသူကြောင့်မဟုတ်ဘူး။ မြတ်ထူးသာယာဆိုတဲ့ ဒုက္ခအိုးလေးကြောင့်။
ပြောရမယ်ဆိုရင် စတွေ့ကတည်းက အမြှီးအမှောက်တည့်ခဲ့သူတွေမဟုတ်။

မွေးချင်းညီအကိုမောင်နှမမရှိတဲ့သူက သူ့ဦးလေးဖြစ်သူကို အရမ်းလဲချစ်သလို အရမ်းလဲလေးစားတယ်။  သူကထက်မြက်ပါတယ်ဆိုရင် သူ့ဦးလေးဖြစ်သူက သူ့ထက်အဆတစ်ရာလောက်ပိုပြီးထက်မြက်တယ်။ အဲဒါကြောင့် သူ့ဦးလေးက သူ့တစ်သက်လုံးလေးစားအားကျရတဲ့ idol ဖြစ်ခဲ့တာ။

ဒါပေမယ့် သူ့ဦးလေးက အသည်းနှလုံးမရှိတဲ့သူလို့ပြောရင်မမှား။ တစ်ဦးတည်းသော တူဖြစ်တဲ့သူ့ကိုတောင် ရင်းရင်းနှီးနှီးသိပ်မရှိသလို ဖက်လှဲတကင်းနေတာမျိုးမဟုတ်။ အဲဒီအပြင် အရမ်းထက်မြက်လွန်းတော့ သူဘာလုပ်လုပ် ဦးလေးမျက်စိထဲမှာ အကောင်းမြင်တာအရမ်းရှားတယ်။ အဲဒါကြောင့် ဦးလေးဖြစ်သူရဲ့ ချီးမွှမ်းမှုကိုရဖို့ သူ့မှာ နေ့တိုင်းညတိုင်းကြိုးစားနေပေမယ့် ချီးကျူးခံရတာအရမ်းရှားတယ်။

ဒါပေမယ့် အဲဒီ မြတ်ထူးသာယာဆိုတဲ့ဟာလေးက သူ့ဘာသာ ကမ်းခြေသွားပြီး မူးမူးရူးရူးနဲ့ ဦးလေးအသက်ကို ကယ်လိုက်သလိုဖြစ်တာလေးနဲ့ ဦးလေးရဲ့ အသက်သခင်ဆိုတဲ့ filter ကြီးခံပြီးကြည့်တာခံလိုက်ရပြီး ဦးလေးရဲ့ချစ်ခင်ကြင်နာမှုကိုရသည်။ မြတ်ထူးသာယာဘာပဲလုပ်လုပ် ဦးလေးကအဆိုးမြင်တာကိုမရှိ။

ဒါပေမယ့် ဦးလေးက အဲဒီလိုတွေအကောင်းမြင်နေလို့ ဒင်းက တကယ်တော်နေတာလားဆိုတော့ မဟုတ်ပြန်။ အလုပ်စဝင်ကတည်းက လုပ်တဲ့အရာတွေက ဖြစ်ဖြစ်မြောက်မြောက်မရှိ၊ ခိုင်းရင်လဲလွဲတတ်သလို လွဲပြီဟေ့ဆိုရင် ဆင်ခြေကအပြည့်။

အဲဒါတွေအဆင်မပြေလို့ ဦးလေးဖြစ်သူကိုတိုင်ပြန်ရင်လဲ ဦးလေးက အဲဒီဟာလေးဘက်က ကာကွယ်ပြီးပြောပေးသေးသည်။

"သူကအခုမှကျောင်းပြီးခါစလေ .. လုပ်ငန်းခွင်တစ်ခါမှဝင်ဖူးသေးတာမှမဟုတ်တာ အဲဒီတော့ အလုပ်သဘောသဘာဝကိုနားမလည်တာ ပုံမှန်ပါပဲ" တဲ့။

သောက်ကျိုးနည်းဂေးဝတ္ထုထဲရောက်သွားတဲ့ အဖြောင့်ကောင် 'ငါ' လေးKde žijí příběhy. Začni objevovat