Part 6

880 94 9
                                    


Part 6

Client နဲ့ပက်သက်တဲ့ အချက်အလက်တွေကို client database ထဲစာရင်းထည့်ရင်း မြတ်ထူးသာယာတစ်ယောက် ပွစိပွစိလုပ်နေမိတယ်။ 

သူတို့အဖွဲ့ရဲ့အလုပ်လုပ်ပုံက ဒီလို။ စစချင်းတုန်းကသူတို့ကိုသိတဲ့သူ သိပ်မရှိသေး။ ရဲမျိုးဇာနည်နဲ့သိတဲ့မိတ်ဆွေအချို့ကစပြီး သူတို့သဘောကျတဲ့သူတွေနဲ့ အောင်သွယ်ပေးဖို့ သီးသန့်အောင်သွယ်တော်အနေနဲ့ ငှားတာက စခဲ့ကြတာဖြစ်သည်။

အဲဒါကတော့ ရှင်းပါတယ်။ personalized dating advisor လိုမျိုးပဲ။ လူတစ်ယောက်က တခြားတစ်ယောက်ကိုကြိုက်တယ်၊ ဘယ်လိုလိုက်ရမလဲမသိဘူးဆိုရင် သူတို့က တဖက်လူဘာကြိုက်တတ်လဲ၊ ဘယ်သွားတတ်သလဲဆိုတာတွေကို လေ့လာအကဲခတ်ပြီး နီးစပ်အောင်ကူညီပေးရတာမျိုး။ 

နောက်ပိုင်း ရဲမျိုးဇာနည်က ပွဲလေးတစ်ပွဲစလုပ်ခဲ့သည်။ Z မြို့က single တွေအတွက်ဆိုပြီး party သဘောမျိုးနဲ့ ဝင်ခွင့်အခမဲ့ဆိုပြီး လုပ်ပေးခဲ့တယ်။ ဒါပေမယ့် လူအရမ်းများတာမျိုးဖြစ်မှာစိုးလို့ limited quantity နဲ့စာရင်းသွင်းလက်ခံပြီးလုပ်ခဲ့တာ အောင်မြင်ခဲ့တယ်လို့ပြောရမယ်။

သူတို့အေဂျင်စီကို လူသိများလာတယ်။ လာပြီးအလုပ်အပ်တဲ့သူတွေပိုရှိလာတယ်။ နောက်ပိုင်းကျတော့ သူတို့က သီးသန့်အောင်သွယ်ပေးတာမျိုးတင်မဟုတ်ပဲ အတွဲလိုချင်တဲ့သူတွေအတွက် တွဲဖက်ရှာပေးတာမျိုးပါ တွဲလုပ်လာခဲ့တယ်။ 

အဲဒီလူတွေက သူတို့ဆီလာတယ်။ သူတို့သဘောကျတဲ့ အချက်အလက်တွေပြောတယ်။ သူတို့နဲ့အကြိုက်တူတဲ့သူ၊ type တူတဲ့သူတွေ ကိုယ်တွေစာရင်းထဲမှာရှိသလားရှာပေးပြီး personality match ဖြစ်တဲ့သူနဲ့တွေ့တဲ့အခါ date ဖို့အတွက် စီစဉ်ပေးတာမျိုးလုပ်ပေးတယ်။

အခုလဲ အဲဒီအချက်အလက်တွေလာပေးထားတဲ့ client တွေစာရင်းကိုကြည့်ပြီး သူနှာခေါင်းရှုံ့လိုက် ပွစိပွစိပြောလိုက်လုပ်နေတာပါ။

Client name : —-------- ၊ Gender : မိန်းကလေး ၊ Age 22

လိုချင်သည့်တွဲဖက် Gender: ယောကျာ်းလေး

လိုချင်သည့်အချက်များ : ကားပိုင်ရမည်။ အိမ် သို့မဟုတ် ကွန်ဒို ပိုင်ရမည်။ တစ်လဝင်ငွေ သိန်းရာကျော်ဝင်သည့်လုပ်ငန်းရှိရမည်။ လိုချင်တာမှန်သမျှဝယ်ပေးနိုင်သည့်သူဖြစ်ရမည်။ ရုပ်ရည်အရေးမကြီးပါ။

သောက်ကျိုးနည်းဂေးဝတ္ထုထဲရောက်သွားတဲ့ အဖြောင့်ကောင် 'ငါ' လေးWhere stories live. Discover now