Part 15

696 84 27
                                    

Part 15

မြတ်ထူးသာယာ ဒီနေ့ အိပ်ရာထနောက်ကျတယ်။ အကြောင်းကတော့ ညက စိတ်ပြေလက်ပျောက်မအိပ်ခင်လေးအိပ်ချင်အောင်ခဏဆိုပြီး ဇာတ်လမ်းတွဲကြည့်လိုက်တာ ရပ်မရတော့လို့ အိပ်ရေးပျက်ရခြင်းပင်။

အိပ်မက်မက်နေရာကနေ လန့်နိုးလာပြီး အိပ်ချင်မူးတူးနဲ့ ကုတင်ဘေးက ဖုန်းကိုဆွဲကြည့်မှ နောက်ကျနေတာ သိတာမို့ အသည်းအသန်မျက်နှာပြေးသစ်ရတော့သည်။

ရေချိုးရင်ကြာနေအုံးမယ်၊ တစ်ရက်တစ်လေလောက် ရေမချိုးရင်တော့ ဘာမှမဖြစ်လောက်ဘူးမှတ်လား။ သူစျေးကြီးပေးဝယ်ထားတဲ့ ရေမွှေးလေး ၂ ချက်လောက်ပိုစွတ်သွားလိုက်မယ်။

အဝတ်အစားအမြန်လဲကာ အခန်းတံခါးပိတ်ပြီးထွက်ခဲ့တော့ အခန်းဝမှာ လင်းစက် ကပ်ထားသည့် sticky note အားတွေ့ရသည်။ သာယာအိပ်ပျော်နေတာ နှိုးမရလို့ သူအစည်းအဝေးနောက်ကျမှာစိုးလို့ သူ့ဘာသာသွားပြီဆိုတဲ့အကြောင်းရေးထားတာဖြစ်သည်။

အတော်အားကိုးရတဲ့သူငယ်ချင်း၊ အခန်းထဲကို သေချာလေးဝင်နှိုးလိုက်တော့ သူ့ကို ကင်းကိုက်မှာမို့လို့လား။ အဲဒီလိုသာဆိုရင် သူရုံးနောက်မကျတော့ဘူးလေ။

လင်းစက်က အခု ကိုစံသာဖြိုးရဲ့ကုမ္ပဏီမှာ အလုပ်ရသွားပြီမို့ မနေ့ကစပြီး အလုပ်ဆင်းနေပြီဖြစ်သည်။ အဲဒါကြောင့် နှစ်ယောက်သားအဖော်ရပြီး အလုပ်တူတူသွားရတာ အဆင်ပြေမယ်ကြံကာရှိသေး ဒီနေ့ကျ သူ့မှာ အထားခဲ့ခံရလေပြီ။

အခုတလော သူ့မှာ အလုပ်နဲ့လက်နဲ့ပြတ်တယ်မမရှိသောကြောင့် အိမ်ပြန်ရောက်ရင် အတော်ပြိုင်းနေလေပြီ။ မနေ့ကတောင် ဒီကောင်အလုပ်မှာအဆင်ပြေလား ဘာညာမမေးဖြစ်လိုက်ပဲ အိမ်ပြန်ရောက်တာနဲ့ အိပ်ပျော်သွားသည်။

ဒီနေ့ညတွေ့မှပဲ အစစအရာရာအဆင်ပြေလားဆိုတာမေးကြည့်ရမည်။ သူကိုယ်တိုင် လင်းစက်က သူ့သူငယ်ချင်းပါလို့ စံသာဖြိုးကိုရော၊ သူတို့ရုံးက HR ကိုရော ပြောထားတာပဲလေ။ အဆင်ပြေမှာပါ။

လင်းစက် အဆင်ပြေလား မပြေလားသူမသိ၊ သူကတော့ ရုံးရောက်တာနဲ့ အဆင်မပြေမှုတွေစတင်လာပါတော့တယ်။

သောက်ကျိုးနည်းဂေးဝတ္ထုထဲရောက်သွားတဲ့ အဖြောင့်ကောင် 'ငါ' လေးWhere stories live. Discover now