Part 14

747 93 19
                                    

Part 14

တစ်ဖက်မှာ သူ့ကလေးအန်ဒရူးကို ပြူးပြာနေအောင် ချော့နေရတဲ့ ရဲမျိုးရာချီရှိသလို ထမင်းစားချိန်ရောက်တဲ့အခါ သူ့ဆီရောက်မလာတဲ့ မြတ်ထူးသာယာကြောင့် သောကမများနေရတဲ့ ရဲမျိုးဇာနည်တစ်ယောက်လဲရှိသည်။

မနေ့က သူ အရေးပေါ်အလုပ်ကိစ္စကြောင့် အပြင်ထွက်သွားရတာမို့ ထမင်းပြန်လာမစားဖြစ်တဲ့အကြောင်း မြတ်ထူးသာယာကိုမပြောခဲ့မိသလို မက်ဆေ့ချ်ပို့ပြီးလဲ အကြောင်းမကြားဖြစ်ခဲ့။

သူတို့နှစ်ယောက်ကြားမှာ ဘယ်လိုဆက်ဆံရေးပဲရှိပါစေ၊ သူက နေ့တိုင်းထမင်းတူတူလာစားလို့ပြောပြီးရင် ပြောထားတဲ့ကတိကိုတည်ရမယ်ဆိုတာ သူသိသည်။

အဲဒါကြောင့် အလုပ်ကိစ္စကို မြန်မြန်ဖြတ်ပြီး ပြန်ရောက်ရင် စားပြီးပြီလားလို့ မေးမယ်၊ မစားရသေးရင် ထမင်းတူတူသွားစားမယ်လို့စဉ်းစားပြီး အမြန်ပြန်လာခဲ့တာလဲဖြစ်သည်။

အဲဒါကို ပြန်လဲရောက်ရော ရုံးကော်ရစ်တာမှာ စံသာဖြိုးနဲ့ မျက်နှာချင်းဆိုင်ပြီး ပလူးနေတာမြင်တော့ ထမင်းကျွေးချင်စိတ်ပျောက်ပြီး နာရင်းကျွေးချင်စိတ်တွေဖြစ်သွားပါကောလား။

ကိုယ်ကတော့ အပြင်မှာထမင်းမစားပဲ ပြန်လာတာ၊ သူကတော့ ဟိုစံသာဖြိုးဆိုတဲ့လူနဲ့ နာမည်အတိုင်းသာယာနေတယ်လေ။

နဂိုကတည်းက အလုပ်မှာထွက်လာတဲ့ဒေါသက သူတို့နှစ်ယောက်ကိုမြင်တော့ နှစ်ဆတိုးသွားတော့သည်။

ဟိုတယ်အသစ်ဖွင့်ဖို့ ဈေးညှိနေတဲ့မြေကွက်ကို ဒီနယ်ပယ်ထဲက ကိုယ်နဲ့မိတ်ဆွေလိုလိုဖြစ်နေတဲ့သူက ကွက်ကျော်ရိုက်နေတဲ့သတင်းကြားလို့ အဲဒီကိစ္စကိုဖြေရှင်းဖို့သွားခဲ့တာမို့ လူက နဂိုကတည်းက စိတ်ကတိုနေပြီးသား။

အဲဒါကို အနေအထိုင်မတတ်တဲ့ မြတ်ထူးသာယာက သူ့ကိုပိုစိတ်တိုအောင်လုပ်တယ်။

ဒါကြောင့် တမင်စကားမပြောဘဲ ပစ်ထားလိုက်မိသည်။

အခုတော့ ကျေးဇူးရှင်က သူအလုပ်ရှင်လား၊ ကိုယ်အလုပ်ရှင်လား မကွဲရလောက်အောင် သူ့ကိုပြန်ပြီးဆန္ဒပြနေလေပြီ။

သောက်ကျိုးနည်းဂေးဝတ္ထုထဲရောက်သွားတဲ့ အဖြောင့်ကောင် 'ငါ' လေးWhere stories live. Discover now