အပိုင်း(၅)

1.7K 81 1
                                    

"ကဲ..ဦးခွန်းရှိူင်းသက်နောင်၊ကျုပ်တို့သဘောတူထားတဲ့အရာကိုဒီတစ်ပတ်ထဲအကောင်အထည်ဖော်ရအောင်ဗျာ"

"အရမ်းမမြန်နေဖူးလားဗျာ့၊ဦးအောင်ခန့်သော်၊"

"ဒီမယ်ဦးခွန်းရှိူင်းသက်နောင်၊ကျုပ်အဲ့တာတွေမသိဖူး၊ခုဟာကကျုပ်ဘက်ကလိုချင်နေတဲ့အရာမဟုတ်ဖူး၊ခင်ဗျားဘက်ကလိုချင်နေတဲ့အရာကိုကျုပ်ကအလဲအလှယ်လုပ်ပေးရုံတင်"

"ဒါမယ့်အရွယ်တွေကအရမ်းငယ်နေ..."

"ကျန်တဲ့ကိစ္စတွေကျုပ်မသိချင်ဖူး၊ဒီတစ်ပတ်အတွင်းအမြန်ဆုံးအကောင်အထည်ဖော်ပါလို့ဘဲကျုပ်ပြောချင်တယ်"

****************************

"အကို"

"ဟင် ယဥ်"

"ဘာဖြစ်နေတာလဲ၊ရုံးကပြန်ရောက်ထဲကစိတ်နဲ့လူနဲ့မကပ်နေဖူး"

"ဟုတ်လား..."

"ဟုတ်တယ်လေ၊ညနေကထမင်းစားနေတုန်းသားကြီးပြောတဲ့စကားတောင်မကြားလို့ထပ်ခါထပ်ခါပြန်ပြောနေရတာဘဲကြည့်"

"ဒါဆိုအခုလိုဖြစ်နေတဲ့အကြောင်းအရင်းကိုသိချင်လား"

"ရုံးမှာပြသနာတက်လို့လားအကို"

"မဟုတ်ပါဖူးဗျာ...၊တကယ်တော့ယဥ်ကြောင့်ဖြစ်တာ"

"ယဥ်ကဘာလုပ်နေလို့လဲအကိုရယ်"

"အကို့မိန်းမကအသက်ကြီးလာတယ်သာပြောတာတစ်နေ့ထပ်တစ်နေ့နုပျိုနေသလားမှတ်ရတယ်၊အဲ့လိုမိန်းမမျိုးကိုရထားတော့ဒီကအကိုကစိတ်နဲ့လူနဲ့ကပ်ပါ့မလားဗျာ"

"အို..အကိုကလည်းဘာဆိုင်လို့လဲ"

"မဆိုင်ဖူးလား.."

"အွန်းမဆိုင်ဘူး"

"မသိပါဖူးဗျာ..အကိုကဆိုင်တယ်ထင်နေတာ"

"ကဲ.....အသက်ကလည်းကြီးလို့သားသမီးတွေတောင်၂၀ကျော်၁၅ကျော်ဖြစ်နေပြီ၊ဒါကိုအဘိုးကြီးကသူငယ်ပြန်နေတုန်းမပြောချင်ဖူးတကယ်ဘဲ"

"ဟား...ဟား..ဒီအဘိုးကြီးကိုချစ်လွန်းလို့ဆိုပြီးလာတင်တောင်းခိုင်းတာဘယ်သူပါလိမ့်နော်"

"အာ...အကိုနော်"

ပျားရည်လိုချိုမြတဲ့အိမ်ထောင်ရေး၊အသက်ငယ်ငယ်လေးနဲ့ထူထောင်ထားတဲ့အိမ်ထောင်ရေးဖြစ်ခဲ့ပေမယ့်အခုထိအချစ်တွေကလက်ဆတ်တုန်း၊အသက်ဘယ်လောက်ကြီးကြီးမပျက်စီးသေးတဲ့အချစ်တွေ၊ဒီလိုအိမ်ထောင်ရေးမျိုးကိုမိန်းကလေးတိုင်းလိုချင်ကြတာဘဲလေ။

မောင့်ရဲ့ဒဏ်ရာ [Completed]Donde viven las historias. Descúbrelo ahora