အပိုင်း(၇)

1.5K 81 0
                                    

"ကိုခွန်းရှိူင်းသက်နောင်သမီးလေးဒီလိုဖြစ်တာရှင့်ပယောဂမကင်းဖူးဆိုတာသိရဲ့နဲ့ရှင်ကလက်မလျော့တဲ့အပြင်စေ့စပ်ပွဲထပ်စီစဉ်ပြန်တယ်ပေါ့ဟုတ်လား!"

"ယဉ်၊ငါ့စီးပွားရေးအတွက်ဒီပွဲကမဖြစ်မနေဖြစ်မှရမှာ၊မဟုတ်ရင်တောင်းစားနေရမယ်ကွ"

"ရှင်အပြောကတော့ရွှေမန်းဘဲ၊ဘာတဲ့စီးပွားရေးဟုတ်လား!သိပ်ရီရတာဘဲ၊ရှင်အခုလုပ်နေတာရှင့်ဂုဏ်သိက္ခာအတွက်ဆိုတာကျွန်မသိတယ်တော့!၊ရှင်ကသားသမီးအသက်ထပ်ဂုဏ်သိက္ခာဘဲကြည့်တဲ့တစ်ကိုယ်ကောင်းသမား၊ရှင်အဆင်ပြေရင်ပြီးရော၊တစ်ခြားသူကိုရှင်မငဲ့ဖူး!"

'ယဉ်!မင်း!"

"ဘာလဲ!ရှင်ကကျွန်မပြောတော့နာတယ်ပေါ့ဟုတ်လား!ကျွန်မကပိုနာတယ်
ရှင့်၊တဖက်ကသမီးတဖက်ကခင်ပွန်းဘယ်ဘက်ကိုကျွန်မနေရမလဲမသိဖူး...."

"ယဉ်၊မင်းကွာ၊မင်းကျန်းမာရေးကကောင်းနေတာမဟုတ်ဖူး၊မောနေတဲ့ကြားကအတင်းပြောနေတယ်"

"ရှင့်ကိုကျွန်မမေးမယ်၊ဒီစေ့စပ်ပွဲကမဖြစ်ဖြစ်အောင်လုပ်မြှဖစ်မာလား"

"အင်းလုပ်မှကိုဖြစ်မာ"

"ကိုခွန်းရှိူင်းသက်နောင်!ရှင်လေ၊ရှင်!...."

"..."

"ကောင်းပြီ၊ရှင်ဒီစေ့စပ်ပွဲကိုလုပ်နေသရွေ့၊ရှင့်မိန်းမနဲ့ရှင့်သမီးဆိုတာမရှိတော့ဖူးဆိုတာမှတ်ထားလိုက်!"

"ဒီမိန်းမကွာ!"

ဒုန်း...

********************
"အမေ့သမီးလေး၊ဒီအိပ်ယာပေါ်မှာလဲနေတာ၁ပတ်ကျော်ကြာနေပြီကွယ်၊အမေရင်တွေပူရလွန်းလို့ထလာပါတော့သမီးရယ်..."

"အန်တီ..."

"ဪ၊သားလွမ်းခန့်လာလေ"

"ဟုတ်..နွယ်၊သက်ထားလာ"

'သမီးနွယ်တို့လည်းပါလာတာလား၊အန်တီကမမြင်လိုက်မိဖူး"

"ရပါတယ်အန်တီရယ်၊ဒါနဲ့ကလျာအခြေအနေကောဟင်.."

"အန်တီလည်းမသိပါဖူးကွယ်၊သမီးတို့သူငယ်ချင်းကအခုထိနိုးမလာသေးဖူးကွယ်"

မောင့်ရဲ့ဒဏ်ရာ [Completed]Where stories live. Discover now