အပိုင်း(၁၄)

1.4K 77 1
                                    

"ဒါကဘယ်လိုဖြစ်ကြတာလဲ!"

"...."

"ကိုအောင်ခင်ဗျားပြော၊ဒီလူဦးရေစာရင်းကဘာလို့စာရင်းမကိုက်ရတာလဲ"

"အဲ့တာ..ကျွန်တော်..ကျွန်တော်"

ဒုန်း

"စကားထစ်နေတာကိုငါမလိုချင်ဖူး!ငါ့ကုမ္ပဏီမှာစည်းပျက်ကမ်းပျက်တွေလုပ်နေတာငါမကြိုက်ဖူး!"

"....."

"အေးငါမင်းတို့တာဝန်ခံတွေကိုရွေးစရာနှစ်ခုပေးမယ်"

"ဟုတ်.....ဟုတ်ကဲ့"

"ပထမတစ်ခုကမင်းတို့လူဦးရေ၅၀စာလုံးရှိတယ်ဆိုပြီး၂၅ယောက်ရဲ့လစာကိုလိမ်ယူထားတာအကုန်ပြန်ဆပ်ပါပြန်မဆပ်ရင်ကုမ္ပဏီပိုင်ငွေအလွှဲသုံးစားမှုနဲ့ထောင်ထဲသွားရမယ်"

"ဗျာ..."

"ဒုတိယတစ်ခုကကိုယ့်အပြစ်ကိုယ်သိပြီးအလုပ်ထွက်ပါ!"

"သူဌေး...အဲ့တာ.."

"ငါပြောတာမပြီးသေးဖူးပါးစပ်ပိတ်ထား!"

"...."

"မင်းတို့တွေဒီကုမ္ပဏီကနေအလုပ်ထွက်ပြီဆိုတာနဲ့ငါနဲ့ပတ်သတ်တဲ့ဘယ်ကုမ္ပဏီမှာမှမင်းတို့ကိုလက်မခံဖူးဆိုတာမြဲမြဲမှတ်ထား!"

"ဟုတ်...ဟုတ်ကဲ့"

"ဒီကအလုပ်သမားတွေဘာမှမပူနဲ့တော့၊ခင်ဗျားတို့အတွက်အလုပ်သမားထပ်ခေါ်​ပေးထားတယ်၊စိတ်အေးလက်အေးလုပ်ကြ၊မရတဲ့လစာတွေကိုလည်းဒီလကုန် ကျ ပေါင်းပေးပါ့မယ်"

"ရေး....."(အလုပ်သမားများစကားသံ)
******************************
"ဒီလိုကျတော့ဘယ်ဆိုးလို့လဲ၊သမာသမတ်တော့ကျသား၊ဒါမယ့်မပူပါနဲ့မင်းနဲ့ငါထိပ်တိုက်တွေ့ရမယ့်ကိစ္စရှိသေးတယ်ခွန်းရှိုင်းဆက်မောင်"

******************************
"ဘော့စ်"

"အင်းကင်ပြော"

"ဒီနေ့ဘယ်သွားစရာရှိလဲဗျာ့"

"အင်း..ရှိပေမယ့်ငါဘာသာမောင်းသွားမှာမို့မင်းအတွက်ဆိုအလုပ်မရှိသေးဖူး"

"ဒါဆိုကျွန်တော်ပြန်လိုက်ပါဦးမယ်"

"ဟမ်...ကင်မင်းဘာလို့အတင်းပြန်ချင်နေတာ"

မောင့်ရဲ့ဒဏ်ရာ [Completed]Where stories live. Discover now