အပိုင်း(၆)

1.7K 87 0
                                    

February 12,2019

"အဟင့်....မေမေ့၊ကလျာဒီလိုလူမျိုးဖြစ်လို့မချစ်တော့ဖူးလား.."

"မဟုတ်ပါဖူးသမီးရယ်၊အမေဒီလိုဖြစ်လာမယ်ဆိုတာကြိုသိပြီးသားပါ၊
ဒါမယ့်ခုလိုပုံစံမျိုးဖြစ်လာမယ်ဆိုတာမထင်ခဲ့မိဖူးသမီးရယ်"

"ဟင်..မေမေသိနေခဲ့တာလား"

"အင်း...မေမေသိနေခဲ့တယ်သမီးရယ်၊မေမေသိနေခဲ့တယ်"

"ဘယ်လို၊ဘယ်လိုသိနေခဲ့တာလဲ"

"မေမေ့သမီးလေးအသက်၁၅နှစ်ပြည့်တဲ့မွေးနေ့မှာပေါ့ကွယ်"

"ဒါဆိုမေမေဒေါသဖြစ်ခဲ့လားဟင်"

"စစချင်းတော့ဒေါသဖြစ်တာပေါ့၊ဘယ်မိဘကကိုယ့်သားသမီးကိုဒီပုံစံအတိုင်းမြင်ချင်ပါ့မလဲ၊ကိုယ်မွေးထားတဲ့အတိုင်းဘဲဖြစ်စေချင်တာဘဲလေ"

"မငိုပါနဲ့မေရယ်ကလျာတောင်းပန်ပါတယ်၊ကလျာ..တကယ်တောင်းပန်ပါတယ်အမေရယ်"

"သမီးကိုအမေဘာပြောထားလဲ၊ကိုယ်မှားတာလုပ်မှတောင်းပန်ရတယ်လို့ပြောထားတယ်မို့လား၊ခုကိစ္စမှာသမီးကမမှားဖူးကလျာ"

"ဒါမယ့်ခုလိုဖြစ်နေလို့အဖေကကလျာကိုမုန်းသွားပြီ"

"အဲ့လိုမတွေးရဖူးလေ၊ကလျာဖေဖေကကလျာကိုမမုန်းပါဖူး၊ခုလိုဖြစ်လို့သူဒေါသဖြစ်ရုံတင်ပါ၊နောက်ကျအဆင်ပြေသွားလိမ့်မယ်နော်"

"မေမေကောလက်ခံလားဟင်"

"လက်ခံတယ်ရယ်တော့မဟုတ်ပါဖူး၊ဒါမယ့်ကိုယ့်သားသမီးဖြစ်တည်မှုကဘာကြီးဖြစ်နေပါစေချစ်မြဲချစ်နေတာမိဘဘဲလေ"

"ဒါမယ့်အခုကလျာဘယ်လိုလုပ်ရမလဲ၊စေ့စပ်ပွဲကလာတော့မှာ၊ကလျာသူနဲ့မယူချင်ဖူး..ကလျာမယူချင်ဖူးမေမေ"

"ကလျာ၊အမေကတော့သမီးပျော်မယ်ထင်တဲ့လမ်းကိုဘဲရွေးပါလို့ဘဲပြောချင်တယ်၊အမေတို့ကသေလူတွေဖြစ်နှင့်နေပြီ၊သမီးတို့အသက်ကြီးသားသမီးရသည်ထိနေရရင်တောင်ကံကောင်း"

"အမေရယ်..အဲ့လိုမပြောပါနဲ့ဗျာ"

"အမေကဖြစ်မြဲတိုင်းဖြစ်နေတဲ့အရာကိုပြောတာကလျာရဲ့၊ကလျာနဲ့တူတူနေရမယ့်သူကိုအမေတို့ရွေးချယ်ပေးတယ်ဘဲထား၊တူတူနေပြီးအမေ့သမီးစိတ်ဆင်းရဲနေရင်ဘယ်လိုလုပ်မလဲကွယ်"

မောင့်ရဲ့ဒဏ်ရာ [Completed]Where stories live. Discover now