အပိုင်း ၃

3.5K 125 0
                                    

"အာစရိ"

"ဘာတုန်း"

ဒီနေ့လုပ်စရာမရှိ၍ ရွာအနောက်ဘက်ချောင်းထဲ ဟင်းစားရှာနေခြင်းဖြစ်သည်။ဒီချောင်းထဲက ငါးပေါ၏။ဒီ​ချောင်းရှိ​နေသ၍ တမာကုန်းရွာသားများအတွက် ဟင်းစားမရှားပေ။ဒီနေ့ တပည့်ကျော်စာကလေးနှင့်အတူ နေ့လည်ကတည်းက ရောက်နေတာဖြစ်ပြီး တခဏနေရင် ဒီနေ့အတွက်လုံလောက်ပြီ။ဒီကအပြန် ကိုကျွဲထန်းတောထဲဝင်ကာ တစ်မြူလောက်မော့မည်။

"ကျွန်တော် ရွှေကျီးတို့အကြောင်းကြားလာတာရှိတယ်"

ရုတ်တရတ်ဟိုဘက်ကနေ ဒီဘက်ထိကပ်လာကာ တိုးတိုးဆိုသောစာကလေးစကားအဆုံး
ဋီကာ မျက်ခုံတွေကျုံ့ကုန်သည်။

"ဟိုက ယူထားတာဖြင့် တစ်လကျော်နေပြီ မင်းကဘာတွေ​ ကြားလာ ပြန်ပြီတုန်းဘာလဲမင်းရော အားကျနေတာလား "

"မဟုတ်ပါဘူး အာစရိရာ သူတို့က ယောကျ်ားချင်းဆိုတော့ ထူးဆန်းနေလို့ပါ"

"ပြောစမ်းပါအုံး ဘာတွေကြားလာတာလဲ"

ပြောချင်တဲ့လူကစကားစလာတော့ စကားထောက်ပေးလိုက်သည်။ဘာတွေများထူးဆန်းနေလို့ ဒီကောင်စိတ်ဝင်စားနေတာတုန်း။

"ရွှေကျီးယောကျ်ားက ရွှေကျီးကို ကိုကိုလို့ခေါ်တာတဲ့ဗျာ"

စာကလေးစကားအဆုံး ပြောစရာစကားတောင်ပျောက်သွားရသည်။

"ဘာကြီး ဘယ်လိုခေါ်တာ"

"ကိုကိုလို့ခေါ်တာတဲ့"

"မင့်ဟာကဟုတ်လို့လား စာကလေးရာ"

ဟုတ်တယ်လေ ကိုယ်တောင်ကြက်သီးထတယ်။

"ဟုတ်ပါတယ်ဆိုဗျာ ပြီးတော့ အိပ်တော့လည်းအတူတူအိပ်တာတဲ့"

ဒါကတော့မထူးဆန်းပါဘူး။

"လင်လင်တွေပါဆို အတူတူအိပ်မှာပေါ့ကွ"

စာကလေး ပတ်ဝန်းကျင်အား တစ်ချက်ကြည့်ကာ ဆရာသမားနားကပ်၍ တိုးတိုး ဆိုလိုက်သည်။

"အာစရိက တုံးတာဗျာ ဟိုလိုဟိုလို အိပ်တာတဲ့"

ဋီကာခေါင်းရှုပ်သွားသည်။ဒီကောင်ဘာပြောချင်တာတုန်း။

သူကြီးသားကဆိုးလိုက်တာ(Complete )Where stories live. Discover now