အပိုင်း ၈

3.1K 109 2
                                    

အိမ်ရှေ့တမာပင်ကြီးသည် အရိပ်ရသောကြောင့် နွေနေ့လည်ခင်းအတွက်တော့ နိဗ္ဗာန် ပင်။မနက်စောစော ကြီးစိန် လှည်းကျင်းထားခြင်းကြောင့် ​ခြံဝန်းတစ်ခုလုံး သပ်ရပ်နေလေသည်။တမာပင်ရိပ်အောက် ဖျာခင်းကာ ဝိုင်းဖွဲ့ထိုင်နေသူများမှာ ဋီကာနှင့် အပေါင်းပါတစ်သိုက်။ဟုတ်သည် လေးယောက်လုံး ကြီးစိန်အိမ်တွင် စုမိနေခြင်းဖြစ်သည်။

အကြောင်းရင်းမှာ သူကြီးသားတစ်ယောက် စိတ်ရူးဖောက်ကာ မြို့သားရှိရာ ကောက်ကောက်ပါအောင် လိုက်သွားခြင်းကြောင့်။လောလောဆယ် မြို့သားနှင့် ကြီးစိန်မှာ အိမ်ထဲတွင် ရှေးဟောင်းနှောင်းဖြစ်များ ပြောနေစဥ် သူတို့အဖွဲ့ကတော့ တိတ်တိတ်ဆိတ်ဆိတ်။နောက်ဆုံး မနေနိုင်သည့် စာကလေးကပင်စကားစရသည်။

"အာစရိ"

ဋီကာက သူ့အတွေးနှင့်သူမကြား။သုံးယောက်သား အကြည့်ချင်းဆုံသွားမိသည်။

"ဟေ့ကောင် ငဘုန်း"

"​ဥဥနဲ့ငါနဲ့ညား လန့်လိုက်တာငပွေးရာ ဘာဖြစ်တာတုန်း"

"ဖြစ်နေတာက ငါတို့မဟုတ်ဘူး မင်း ငဘုန်းမှန်မှန်ပြောစမ်း ဥဥသူဆိုတာဘယ်သူတုန်း "

ထိုအခါမှ သကောင့်သားက ခေါင်းတစ်ချက်ကုတ်ကာ

"အဟမ်း မြို့သားကိုခေါ်တာ"

"ဘာ"

တပြိုင်တည်း ထွက်လာသော အသံတွေကြောင့် လိပ်ပြာတောင်မလုံချင်

"သုံးယောက်လုံး ဘာလို့အော်နေတာလဲ အလန့်တကြား"

"ကိုသဝဏ်ကဘာကိစ္စ ဥဥဖြစ်သွားရတာတုန်း"

"အဲ့တာက ဒီလိုရှိတယ်လေ မနေ့ကစာကလေးပြောတယ်မလား သူ့အမေက ချစ်စနိုးနဲ့ ပိုးဥလေးလို့ခေါ်တာဆို သူ့နံမည်ကလည်း အရမ်းတင်စီးလွန့်လို့မခေါ်ချင်ပါဘူး ပြီးတော့ငါ့ကိုလည်း နီနီ လို့ခေါ်ထားလို့ ငါကလည်း ကလဲ့စားပြန်ချေတဲ့ အနေနဲ့ ဥဥလို့ပြန်ခေါ်တာလေ ငါတော်တယ်မလား"

ကပေါက်တိကပေါက်ချာ သူ့စကားအဆုံး သုံးယောက်လုံး၏ သက်ာမကင်း အကြည့်များအားလက်ခံလိုက်ရသည်။

သူကြီးသားကဆိုးလိုက်တာ(Complete )Where stories live. Discover now