အပိုင်း ၂၂

2.6K 89 1
                                    

မိုးရနံ့က လေထဲတိုးကာဝှေ့ကာ။မှိုင်းညို့ညို့ရာသီဥတုကြောင့် စောင်လေးထဲသာကွေးနေချင်တော့သည်။ချစ်တဲ့အစ်ကိုနဲ့ အဟီး။အတွေးတစ်ချို့ မှောင်မိုက်တော့ ရာသီဥတုကပါ မကြည်လင်တော့။အနောက်ဖက်တောင်တန်းက မိုးဖွဲတစ်ချို့ကြောင့် ပြာရီရီ။သူ့လူကလေးကတော့ ပိတောက်ပင်စည်ကိုမှီလို့ စာအုပ်ကလေးကိုင်ထားသည်ပေါ့ ။

နောက်တစ်ပတ်ဆိုကျောင်းဖွင့်ပြီ။သူ့အိမ်သူသက်ထီးလေးကို ရွာအလယ်ရှိကျောင်းသို့ စက်ဘီးကလေးဖြင့် လိုက်ပို့ရမည်ဟု တွေးမိတော့ ဒူးကဒဏ်ရာက ပြီတီတီ။အစ်ကို့ကိုကြိုဖို့ မြို့ကိုလိုက်သွားတုန်းက လမ်းကြုံစက်ဘီးတစ်စီးဝယ်ခဲ့သည်။အတွေးလေးကတော့ ကျောင်းအကြိုအပို့လုပ်ရန်ပေါ့။

မစဥ်းစားမိတာက သူမှစက်ဘီးမစီးတတ်တာ။အဲ့တော့လည်း ဘုန်းဘုန်းကျောင်းက စက်ဘီးစုတ်ကလေးဆွဲလို့ အစီးသင်ရသည်ပေါ့။အသစ်နှင့်တော့ မသင်နိုင်ပါ။မတော်လို့လဲရင် ပျက်စီးသွားမှာစိုးလို့။အစ်ကို့ကိုတင်ပြီးစီးတဲ့အခါ စက်ဘီးအသစ်ကလေးသာဖြစ်ချင်ပါသည်။

ဒီလိုနှင့် လွယ်မလိုနှင့်ခက်ခဲလေသော စက်ဘီးစီးခြင်းမှာ တမာပင်အား တည့်တည့်ဝင်တိုက်ကာ  ဒူးပြဲလေခြင်း။ခြေတံရှည်ကောင်းမှုကြောင့်သာ ဘာမှမဖြစ်တာ။မတတ်နိုင် ကျောင်းဖွင့်တဲ့အထိမှ မစီးတတ်လျှင် အစ်ကို့အား စက်ဘီးပေါ်တင်ကာတွန်းပို့ရမည်။လောလောဆယ်တော့ အားကြိုးမာန်တက် စက်ဘီးစီးသင်ရန် အိမ်အရှေ့ဘက်က တမာလမ်းဆီသို့သာ ဦးတည်မိသည်။

"မောင် မိုးရွာတော့မယ်ထင်တယ် မသွားနဲ့တော့"

ခေါ်သံနဲ့တင် ဒူးခွေကျမတတ်။ကိုယ့်ရှူးကိုယ်ပတ်ပြီ။မဂ်လာဦးညက အနိုင်ကျင့်ကာ ခေါ်ခိုင်းခဲ့သော နာမ်စားလေးက သူတစ်ဦးတည်းရဲ့ မူပိုင်လေး။တစ်ခါခေါ်တိုင်း တစ်နှစ်သာငယ်ပစ်ချင်တော့တယ် အစ်ကိုရယ်။

"မောင် ပြောနေတာကြားလား"

ပြောရင်း ပိတောက်ပင်အောက်က ထလာကာ သူ့ဆီတစ်လှမ်းချင်း။အိမ်ပြင်ထွက်မယ့်ခြေလှမ်းတွေက သူ့ကမ္ဘာလေးဆီ မြှားဦးလှည့်သည်။နှစ်ခါထက်ပိုမပြောစေချင် မှဲ့နက်လေးမောမှာစိုးတယ်ရယ်။

သူကြီးသားကဆိုးလိုက်တာ(Complete )Where stories live. Discover now