အပိုင်း ၁၃

2.5K 107 0
                                    

ဒီနေ့သူတို့ ငါးဖမ်းဖို့ တောင်ဘက်ချောင်းရောက်နေသည်။နေပူသော်လည်း သစ်ပင်များပေါခြင်းကြောင့် အရိပ်ရကာ အေးချမ်းလေသည်။သူ့လူကိုတော့ အလုံထုပ်ထားရတာပေါ့။နေပူခံနိုင်တာမှ မဟုတ်ဘဲ။

"ဝါးးး ရေချောင်းကအကြီးကြီးပဲကော။ကျောက်ဆောင်တွေလည်း အများကြီး ရေလေးကလည်းအေးနေမှာ နွေရာသီနဲ့ ကွက်တိပဲ"

"အေးလည်း ရေထဲအကြာကြီး မစိမ်ရဘူးနော် အပူရှပ်မှာဆိုးလို့"

"အင်းပါ"

"သဲသဲနဲ့ကဲကဲ တွေ့ပြီပေါ့ကွာ"

"ဘယ်မှာလဲ"

ငပွေးအရွဲ့စကာားကို နားမလည်ဘဲ ဘယ်ညာလိုက်ရှာနေတာက သူ့လူ။

"ဘာကိုလဲ ဥဥ"

"သဲသဲနဲ့ ကဲကဲဆို လူတွေမဟုတ်ဘူးလား"

"ဟားဟားဟား"

လေးယောက်လုံး ရီကုန်တော့ သူပါလိုက်ရီသည်။

"ငါပြောတာ မှားသွားတာလား"

"ကျွန်တော်ကဥဥကို အရမ်းသဲလွန်းလို့ လိုက်စနေတာဗျ"

"အဲ့လိုလား ဟီးဟီး ငါမှမသိတာ"

ပြောရင်း လက်ရှည်အားဆွဲချွတ်လိုက်ကာ ပုဆိုးပါချွတ်ဖို့ပြင်သည်။

"ဘာလို့ ပုဆိုးချွတ်မှာတုန်း ကျွန်တော်အပိုယူလာတယ် မချွတ်နဲ့ဝတ်ထား"

"ငါဘောင်းဘီဝတ်လာတယ် ပုဆိုးနဲ့ရေထဲမဆင်းချင်ဘူးလို့"

ပြောမရသူကြောင့် လွှတ်သာထားလိုက်ရတော့သည်။ဘယ်တုန်းက နိုင်ဖူးလို့လဲ။

"အမယ် ငဘုန်းတို့ အပိုးကျိုးနေတာ ကျွန်တော်ဆိုတာ ပါးစပ်ကမချဘူး"

ငထွေးစကားကို အဖက်မလုပ်အား သူ့လူလေးကြောင့် ဗျာများနေရသည်။ပုဆိုးချွတ်ချလိုက်တော့ ဝတ်ထားတဲ့ ဒူးထိဘောင်းဘီအောက်က ပေါ်လာတဲ့ ခြေသလုံးဖွေးဖွေးလေး ။ပြေးပြေးကိုက်ချင်လာတာက ခွေးရူးများပြန်နေသလို။စတွေ့ကတည်းက စွဲလန်းခဲ့တဲ့ ခြေဖမိုးလေးတွေက ဖြူဖြူဥဥ။ရေထဲဆင်းခိုင်းရမှာတောင် နှမြောလာသလို။

"ဟိုသုံးကောင် ဟိုဘက်ထိပ်ကိုခွဲသွား လူပြုံနေရင်အဆင်မပြေဘူး"

သူကြီးသားကဆိုးလိုက်တာ(Complete )Where stories live. Discover now