Chapter 11.1

8.3K 1.4K 62
                                    

[ Unicode ]

နောက်တစ်နေ့....

ယွမ်ယွမ့်လေယာဥ်ချိန်က ဆယ့်တစ်နာရီလေယာဥ်ဖြစ်သည်။

ချန်တုံလန် စောစောထပြီး သူဖို့ စွပ်ပြုတ်နည်းနည်း ထ,တည်ပေးထားသည်။

ရှစ်နာရီရှိနေပြီ သူအလုပ်မသွားသေးတာတွေ့တော့ ယွမ်ယွမ် စိတ်ထဲထင်တာနှင့် မေးလိုက်သည်

"မင်း ဒီနေ့ ငါ့ကို လေဆိပ်လိုက်ပို့ဖို့ဆိုပြီး ခွင့်ယူမထားဘူးမလား?"

ချန်တုံလန် လက်ထဲက အိုးတောင် ပြုတ်ကျတော့မတတ်...

သူ ကွက်တိကို သိနေတော့တာပဲ။ သူငါ့စိတ်ကိုများဖတ်လို့ရနေတာလား?

( eng t/n တုံလန်ရေ မဟုတ်ဘူးရယ်၊ တုံလန့်ဟာတုံလန် အဲ့လိုဖြစ်ဖို့ မျှော်လင့်နေမိတာပါ။ ယွမ်ယွမ်က မင်းကို စာအုပ်တစ်အုပ်လိုမျိုးပဲ ဖတ်နေတာရယ်။)

"ယွီလင်းက ငါ့ကိုလိုက်ပို့ပေးမယ်လို့ ပြောထားပြီးသား။ မင်းခွင့်ရက်ကို အလကားမလုပ်ပစ်ပါနဲ့။"

ဒီရက်ပိုင်းက နှစ်ကူးရောက်ခါနီးဆိုတော့ ချန်တုံလန်အတွက် အလုပ်ကခွင့်ယူဖို့ အခက်ဆုံးအချိန်ဖြစ်သည်။ ခွင့်သာတင်လိုက်ရင် သူ နှစ်ကူးအတွင်းမှာ အလုပ်ပြန်ဆင်းပေးရမည်။ အခြားလူဆိုရင်ကတော့ ဒီလောက်ထိ မတန်တဆ အလဲအလှယ်လုပ်ရတာကို ရူးမိုက်ပြီး လုပ်ကြလိမ့်မှာမဟုတ်။

ချန်တုံလန့်အတွက်ကတော့ နှစ်ကူးပိတ်ရက်က သုံးရက်သာ။ နှစ်ကူးအကြိုရက်ကနေ နှစ်ကူးအကြိုနေ့ရယ်၊ နှစ်ကူးနေ့နှင့် နှစ်ကူးပြီးနောက်တစ်ရက်ထိသာဖြစ်သည်။

သူ့ဆီက အဖြေပြန်မလာတော့ ယွမ်ယွမ်မှာ စွပ်ပြုတ်ဆက်မစားနိုင်သေး

"မင်းခွင့်တင်လိုက်သေးလား?"

ချန်တုံလန် ခေါင်းခါကာ "မတင်ထားဘူး။"

အဲ့တော့မှ ယွမ်ယွမ် သက်ပျင်းချမိတော့သည်။

အချိန်က ကိုးနာရီခွဲခါနီးနေပြီ။ ချန်တုံလန် အလုပ်သွားဖို့ သူ့ဟာသူလောနေရတော့သည်။

ယွမ်ယွမ် ပန်းကန်ဆေးနေတုန်း ချန်တုံလန်တစ်ယောက် တံခါးဝနားမှာ ဖိနပ်ထိုင်စီးနေတာ မပြီးနိုင်၊ ကြာနေတာတွေတော့ သူ ချန်တုံလန့်ကို လှမ်းခေါ်လိုက်ပြီး

Loneliness (Completed)Where stories live. Discover now