Chapter 15

8.2K 1.3K 74
                                    


[ Unicode ]

ယွမ်ယွမ် Aမြို့ကနေပြန်ရောက်ပြီးနှစ်ရက်နေတော့ ရှောင်ထယ့်နှင့်အိုလီဗီယာတို့လည်း Tမြို့ကိုပြန်လာကြသည်။ ဟိုမှာ သူတို့လည်စရာပတ်စရာနေရာများများမရှိတာတစ်ကြောင်း၊ ထိုမြို့ကတစ်ဆင့် အခြားကိုသွားလည်ဖို့အတွက် တိုက်ရိုက်လေယာဉ်မရှိတာရောကြောင့် ခပ်ကြာကြာမနေဖြစ်ကြ။

ဟိုမှာက နေ့တိုင်း နေပူစာလှုံဖြစ်အောင်ကို သာယာ၏။ Tမြို့မှာတော့ နှင်းကျပြီးအေးလွန်းသည်က လူပါတောင့်ခဲမတတ်ပင်။ ထို့ကြောင့် သူတို့ပြန်ဖို့ လေယာဉ်လက်မှတ်အလောတကြီး ဘိုကင်လုပ်လိုက်တော့သည်။

ဒီရက်အတောအတွင်း သူတို့ကိုဂရုစိုက်ပေးခဲ့တာအတွက် ကျေးဇူးတင်တဲ့အနေနှင့် ချန်တုံလန့်ကို ညစာလိုက်ကျွေးချင်ကြောင်း ရှောင်ထယ့်ကပြောလာသည်။

ဒါ ရှောင်ထယ့်ပုံစံမဟုတ်။ အသေအချာမေးကြည့်လိုက်တော့မှ ချန်တုံလန့်ပထွေးဖြစ်သူ၊ ရှောင်ထယ့်အဖေက သူ့ကိုဒီလိုလုပ်ဖို့ပြောထားတာကြောင့်ဆိုတာ သဘောပေါက်လိုက်သည်။ အိမ်အပြန်မှာ ချန်တုံလန့်ကို ညစာလိုက်ကျွေးထားသည့် ပြေစာပါမသွားရင် ကားလီဗာခြေနင်းကိုတောင် မနင်းနိုင်လောက်အောင် အရိုက်ခံရမည်ဖြစ်ကြောင်းလည်း ပြောသည်။

အစ်ကိုအကြီးဆိုတော့ ချန်တုံလန်အစက ငြင်းလိုက်သည်။ ဒါပေမဲ့ ဦးလေးရှုလုပ်ခိုင်းတာမှန်းသိလိုက်ရတော့ သူလက်ခံလိုက်သည်။

သူတို့ သိပ်ရင်းရင်းနီးနီးမရှိသည်ကြောင့် သင့်တင့်သည့်လောကဝတ်တို့အတိုင်း ဆက်ဆံရဦးမည်။

ညစာအတွက် ခုနစ်နာရီမှချိန်းထားတာဆိုတော့ ချန်တုံလန် အလျင်မလိုနေ။ အလုပ်ဆင်းတော့ သူလုပ်နေကျအတိုင်း ဟင်းသီးဟင်းရွက်ဝယ်ပြီး ဟင်းချက်သည်။

ယွမ်ယွမ် သူ့နှင့်အတူ အရွက်တွေဆေးနေရင်း ချန်တုံလန် ထမင်းကို နို့ဆီဘူးတစ်လုံးပဲချက်တာ သတိထားမိပြီး စိတ်ထဲတစ်မျိုးဖြစ်မိကာ မေးလိုက်သည်

"မင်းဘာလို့ တစ်ယောက်စာပဲချက်တာလဲ?"

ချန်တုံလန် ယွမ်ယွမ့်ကိုမပြောပြရသေး "ငါ့ညီက ပြန်ရောက်နေပြီ။ ဒီနေ့ သူတို့နဲ့ အပြင်မှာသွားစားမလို့"

Loneliness (Completed)حيث تعيش القصص. اكتشف الآن