Chapter 12

8.3K 1.4K 127
                                    


[ Unicode ]

လိုမလိုတော့မသိပေမဲ့ Mild NSFWပါနော်။ 15+လောက်လို့သဘောထားပြီး warningပေးလိုက်ပါတယ်။

Chapter 12

ချန်တုံလန်တစ်ယောက် ဆိုဖာမှာထိုင်ရင်းတီဗီကြည့်နေသည်။ တီဗီမှာလာသမျှ တစ်ခုမကျန်အကုန်ထိုင်ကြည့်နေပေသည့် စိတ်ကဘယ်ဆီဘယ်ဝယ်ရောက်လို့ရောက်နေမှန်းမသိ။

သူတစ်ယောက်ထဲဆို အမြဲတမ်း ဒီလိုပဲနေဖြစ်သည်။

နှစ်ကူးအကြိုနေ့ဆိုပေမဲ့ ယွမ်ယွမ် လေဆိပ်ဆင်းတဲ့နေ့က ခွင့်ယူထားတော့ ဒီနေ့တစ်ရက် အစားပြန်အလုပ်ဆင်းဖြစ်သည်။ အလုပ်ဆင်းအိမ်ပြန်ရောက်တော့ နဂိုက အသီးအရွက်ခေါက်ဆွဲပြုတ်တစ်ပွဲ ပြုတ်သောက်မယ်လို့ တွေးထားပေမဲ့ ယွမ်ယွမ့်စကားက ခေါင်းထဲဝင်လာကာ သူ့ တကိုယ်လုံး အားတွေပြည့်လာပြီး ချက်ချင်းပဲ ထမင်းထတည်၊ အကြော်အလှော်လေးနှစ်ခွက် ထချက်လိုက်သည်။

သေချာတွေးကြည့်ရင် ဒီနှစ်တစ်နှစ်တာက မဆိုစလောက်လေးတော့အဓိပ္ပာယ်ရှိတဲ့၊ ပြီးပြည့်စုံလှတဲ့နှစ်တစ်နှစ်ပင်။ နှစ်ဦးပိုင်းကနေစလို့ ယွမ်ယွမ်နှင့်သူ ပိုလို့ နီးနီးကပ်ကပ် ရှိလာသည်။ ယွမ်ယွမ်က သူ့ကို အရင်ကထက် အကြိမ်တစ်ရာလောက်ပိုပြီး ဂရုတစိုက်ရှိလာသည်။

ဒီအတွက် သူ ကျေနပ်မိသည်။

ဖုန်းဝင်လာလို့ ကြည့်ကြည့်လိုက်တော့ ရှောင်ထယ့် ဆက်လာတာဖြစ်သည်။

"ကော? ကျွန်တော်တို့ ကမ်းခြေကိုရောက်ပြီ။ ဒီမှာအရမ်းပူတာပဲ။ အိုလီဗီယာရော ကျွန်တော်ရော အဝတ်အစားအတိုတွေတောင် လဲဝတ်ထားရတယ်။"

ရှောင်ထယ့်နှင့်သူ့ကောင်မလေးတို့ နှစ်ယောက်သား ဒီမနက်အစောမှာ ပင်လယ်ကမ်းခြေမြို့တစ်မြို့ဆီ လေယာဥ◌်နဲ့ ထွက်သွားကြတာဖြစ်သည်။ အလုပ်ဆင်းလို့ ရှောင်ထယ့်ဆီဖုန်းဆက်ကြည့်လိုက်ကာမှ ထိုအကြောင်း သိရတော့သည်။

ပြီးခဲ့တဲ့တစ်ခေါက် ဖြစ်ခဲ့တဲ့ကိစ္စပြီးတည်းက ရှောင်ထယ့်တို့ သွားမဲ့လာမဲ့ကိစ္စတွေကို ချန်တုံလန် ဘာမှဝင်မစွက်ဖက်ဖြစ်တော့။

Loneliness (Completed)Where stories live. Discover now