Chapter 14

8.2K 1.3K 30
                                    


[ Unicode ]

"အနုပညာပွဲတော်အတွက် ဘယ်သူအစီအစဉ်မှုးလုပ်ချင်လဲ? လက်ထောင်လိုက်၊ ငါ မင်းတို့နာမည်ကို စာရင်းသွင်းပေးမယ်"

ဒါကတော့ အခန်းတွင်းအစည်းအဝေးဖြစ်ပြီး ကျောင်းသားရေးရာကော်မတီအဖွဲ့ဝင်တစ်ယောက်က ထပြောတာဖြစ်သည်။

အခြားကျောင်းသားတွေက အကြမ်းစာရွက်မှာ တွက်ချက်နေတုန်း ချန်တုံလန်ကတော့ စာရွက်မှာတန်းရေးချပြီး လက်ထောင်လိုက်သည်။

"ချန်တုံလန်? တကယ်လား?"

ကော်မတီအဖွဲ့ဝင်က နည်းနည်းဝန်လေးသွားသည့်ပုံနှင့် ပြောလာသည်

"ဆရာတွေဆီ မင်းနာမည်တင်ပေးလိုက်ဖို့က ငါ့အတွက်သိပ်အဆင်မပြေလောက်ဘူးနော်. . . "

ချန်တုံလန်က မပွင့်မအနှင့် စာကြမ်းပိုးဆိုတော့ တစ်ခန်းလုံးက အာရုံစိုက်လာကြသည်။

ဒီစာကြမ်းပိုးက မေးခွန်းမေးရင်တောင် ဖြေတာအပေါက်အလမ်းမတည့်တဲ့ဟာ အတန်းစုံကကျောင်းသားတွေရှေ့မှာ စကားပြောရမဲ့အလုပ်အတွက် လက်ထောင်လိုက်တယ်တဲ့လား။ သူ့ပုံစံသူ့အသံနဲ့ အားလုံးရှေ့မှာ ဒီလိုမျိုးအစီအစဉ်မှုးလုပ်တယ်ဆိုတာကို မျက်လုံးထဲမှန်းကြည့်လို့တောင်မရ။

ချန်တုံလန် ခေါင်းမော့လိုက်သည် "ငါဝင်လုပ်လို့မရဘူးဆိုတဲ့ စည်းကမ်းများရှိလို့လား?"

ကော်မတီအဖွဲ့ဝင်လည်း အောင့်သက်သက်နှင့် ရယ်ကာ

"မဟုတ်ပါဘူး...အင်းပါ အင်းပါ အင်းပါ၊ ငါ မင်းနာမည် ရေးလိုက်မယ်နော်"

သူ(မ)စိတ်မဆိုးပါ။ ချန်တုံလန်က လေးလေးနက်နက်နဲ့အမေးရှိလာတဲ့ကိစ္စမှာ သူဝင်ပါလို့မရဘူးဆိုတဲ့ စည်းကမ်းများရှိခဲ့ရင်တောင် သူအနေနှင့် ဒီ့အတွက် ဆုံးဖြတ်ပိုင်ခွင့်ရှိတာမှမဟုတ်တာ။

နောက်နေ့ နေ့လယ်လောက်ကျ ချန်တုံလန် ပဏမရွေးချယ်ခံရတဲ့တည်းပါကြောင်း အသိပေးချက်ရရှိလာသည်။

ဒါဇင်နှင့်ချီတဲ့ ကျောင်းသားတွေ စာပေပြဇာတ်ရုံထဲမှာ စောင့်ဆိုင်းနေကြသည်။ ကျွက်ကျွက်ညံအောင်ဆူညံနေတဲ့အသံတွေကြားမှာ ချန်တုံလန် ဘေးဘီဝေ့ပတ်ကြည့်ပြီးရှာလိုက်တော့ ခုံတန်းရှည်တွေနားမှာမတ်တပ်ရပ်နေသည့် ယွမ်ယွမ့်ကိုတွေ့လိုက်သည်။

Loneliness (Completed)Where stories live. Discover now