Part 9

2.6K 158 0
                                    

" ချစ်မိတာကို ဖွင့်ဟ ဝန်ခံခြင်း သာ ဖြစ်သည် ''

နှစ်ကိုယ်ကြား ကြားရုံ အသံဖြင့် သာ ' လရောင်' ပြော လိုက်ခြင်း ဖြစ်ပေမယ့် ကျမ နားထဲမှာ ပီပီသသ ရှင်းလင်းစွာ ကြားလိုက်ရသည်

အံ့သြ မှု ကြောင့်သော်လည်းကောင်း မထင်ထားသော စကား များဖြစ်၍ သော် လည်းကောင်း ပြောစရာ စကားများ ပျောက်ရှနေသည်

တစ်ယောက်ကို တစ်ယောက်ကြည့်နေပြီး မလှုပ်မယှက် ငြိမ်သက်နေရာမှ လက်ခုပ် တီး သံ များပေါ်ထွက်လာမှ သာ အသိ ဝင်လာ ပုံရသည်

ကျမ ' လရောင် ' ကို လက်ဆွဲ ပြီး တိတ်ဆိတ်တဲ့ နေရာသို့ ခေါ်ဆောင်လာလိုက်သည် ထို့နောက် ' လရောင်' ကို သေချာ မေးမြန်းရမည်

" လရောင် '' ဘာကို ဆိုလိုတာလဲ အစ်မ ကို ရှင်းပြလို့ရမလား

" လရောင် '' ကျမ ကို  အကြည့်ချင်းဆုံအောင်ကြည့်ပြီးနောက်

" ကျမ အစ်မ ကို ဝန်ခံနေတာလေ '' ချစ်မိနေပြီ ဆိုတဲ့အကြောင်း

ချစ်တာ က အစ်မ လည်း ' လရောင်' ကို ချစ်တယ်လေ

အဲ့လို မဟုတ်ဘူး အစ်မ
ညီမ အစ်မ ကို ချစ်တာ အရောင်တွေ ပါတယ်

ဘယ်လို အရောင်တွေလဲ

အစ်မ နှုတ်ခမ်း တစ်စုံ ကို နမ်းရှိုက်ခွင့်ရမယ့် ချစ်သူတစ်ယောက်လို အရောင်မျိုး

အစ်မ တို့ က မိန်းခလေး ချင်း ချင်းဆိုတာ ပြန်တွေးမိရဲ့လား ' လရောင်'

ညီမ သိပါတယ်

" လရောင်'' က မိန်းခလေး ချင်း ကြိုက်နှစ်သက် တဲ့သူလား

အစ်မ က ညီမ ဘဝ မှာ ချစ်မြတ်နိုးမိတဲ့ ပထမ ဆုံးသူပါ အစ်မ က မိန်းခလေး မလို့ ကျမ ချစ်ခဲ့တာမျိုး မဟုတ်ဘူး ညီမ မြတ်နိုးမိတဲ့ သူ ဟာ အစ်မ ဖြစ်နေလို့ မိန်းခလေး ချင်း ကြိုက်နှစ်သက်သူလို့ သတ်မှတ်လည်း ရပါတယ် အဓိက ကတော့ အစ်မ ဖြစ်နေလို့ကို ချစ်မိတာပဲ ရှိတယ်

အစ်မ ကို အချိန်ယူ ခွင့်ပေးပါ ' လရောင်'

ညီမ ကို ပြန်ချစ်ပေးပါ ပြန်ချစ်အောင် ကြိုးစားပေးပါလို့ အစ်မ ကို တောင်းဆိုတာမျိုး မဟုတ်ဘူးနော်

It's You Donde viven las historias. Descúbrelo ahora