Part 16

2.5K 159 0
                                    

" အစ်မ နေမကောင်းဘူးလား မျက်နှာလေးလည်း နွမ်းနေတယ် ရောက်တုန်းလေး ခဏ နားလိုက်ပါလား ''

ကြည့် သူကိုယ်တိုင် နာကျင်နေရက်နဲ့တောင် ကျမ ကို တွေ့ရင် အရိပ်တကြည့်ကြည့် ဂရုစိုက်နေတဲ့ ထိုအမျိုးသမီးလေးကိုမှ မချစ်ရင် ဘယ်သူ့ကို ချစ်ရပါတော့မလဲ

" အစ်မ အဆင်ပြေတယ်နော် ' လရောင် ' ပြီးတော့ အစ်မ သေချာလေး ပြောပြစရာရှိလို့လေ ''

" ဒီနေရာမှာ ' လရောင် ' မဟုတ်ပဲ တခြားသူသာဆို ကျမ ကို တွေ့တာနဲ့ ပြစ်တင်ပြောဆိုနေကြမလား ပဲ

ကျမ ဆီက ထပ်ထွက်လာမယ့် စကားတွေ ကို ' လရောင် ' စောင့်ဆိုင်းနေပုံပဲ

" အစ်မ ရဲ့ ရည်းစားဟောင်း ကိုသူရ ဒီကြားထဲမှာ အစ်မ နဲ့ ပြန် အဆင်ပြေချင်တယ်ဆိုပြီး အစ်မ ကို ဆက်သွယ်တာတွေရှိခဲ့တယ် '' ဟု ကျမ ပြောပြပြီး ' လရောင် ' ကို တစ်ချက်ကြည့်လိုက်သည်

နောက်ထပ်ဆက်ပြောဖို့ ပြင်လိုက်သည်
အစ်မ ငြင်းလိုက်ပါတယ် မဖြစ်နိုင်တော့ဘူးလို့ ပြီးတော့ အစ်မမှာ ချစ်ရတဲ့သူ ရှိ​နေပြီလို့လည်း ပြောပြထားပါတယ်

မနေ့က အစ်မ ဆီကို ကိုသူရ လာသွားတယ် နိုင်ငံခြားမှာ သွားနေတော့မှာမို့ အစ်မ ကို လာနှုတ်ဆက်တာတဲ့ ပြီးတော့ အစ်မ ကို နောက်ဆုံးအနေနဲ့ ဖက် ခွင့်တောင်းတယ် အစ်မ လက်မခံ လိုက်ပေမယ့် သူ့ရဲ့နောက်ဆုံးအခွင့်အရေးဖြစ်တာကြောင့် အစ်မ လက်ခံခံ မခံခံ သူက ဖက်ချင်တယ် ဆိုပြီး အစ်မ ကို ဖက်သွားတယ် အစ်မ လည်း ချက်ချင်းပြန်ရုတ် လိုက်ပါတယ် ဒါပေမယ့် မမှိီလိုက်ပါဘူး အဲ့ခဏလေးအတွင်းအဖြစ်အပျက်တွေကို အစ်မ မမြင်စေ ချင်တဲ့ သူ က မြင်သွားခဲ့တယ်လေ

"အစ်မ သိသွားပြီပေါ့ ညီမ လာသွားတာကို''

" ဒီနေ့ နေ့လည်လောက်ကမှ သိလိုက်တာ ' လရောင် ' လာသွားတာကို အစ်မ တောင်းပန်ပါတယ် နော် ' လရောင် ' ခံစားရမှာဆိုးလို့ အစ်မ ဖုံးကွယ်ထားမိတာ

" ဒီလောက်ဆို ရပါပြီ အစ်မ ''

" အဲ့ဒါကြောင့် ကောင်မလေး တစ်ယောက် စိတ်ကောက်သွားတာလား '' ဟု ပြောရင်း လရောင် ပါးလေး ကို လှမ်း ကိုင် လိုက်သည်

It's You On viuen les histories. Descobreix ara