Part 23

2.3K 128 0
                                    

ဆေးရုံကုတင်ပေါ်တွင် ဖြူလျော့စွာလဲလျောင်းနေတဲ့ အမျိုးသမီးလေး တစ်ဦးရယ် ထိုအမျိုးသမီးလေးရဲ့ လက်ဖဝါးဖြူဖြူ လေးကို ဆုပ်ကိုင်ထားပြီး ငိုကြွေးနေသော အမျိုးသမီးလေး တစ်ဦး

ဖြစ်ရပ်ဆိုးကြီး ကို ကြုံတွေ့ ခဲ့ရတာ ဘယ်လောက်တောင် ခံစားခဲ့ရမလဲ

ဘာမှ မသိခဲ့ပဲနဲ့ အစ်မ ကို လမ်းခွဲစကားတောင် ပြောလိုက်မိတဲ့ ကိုယ့်ကိုကိုယ်ပဲ မုန်းမိတယ်

"ငဆိုး လေး ကို ထ ပြီး ဆူပါအုံး အစ်မရယ်
မြန်မြန် ထ ပြီး ဆူ ဖို့ လိုနေပြီ ''

သတိမေ့နေတာ ခုနဲ့ဆို ၂ ရက် ရှိသွားပြီ
အစ်မရဲ့ လက်လေး တွေ ကို တယုတယ ရေပတ် တိုက်ပေး နေရင်း ဖြူဖြူလျော့လျော့ လက်ချောင်းလေးတွေကို ကြည့်ကာ

" အစ်မ လက်ချောင်းလေးတွေက နေမကောင်းဖြစ်နေလို့ ဖြူလျော့နေတာတောင် လှနေတုန်း ပဲနော် ''

" အစ်မ သိရဲ့လား ညီမလေ  အစ်မ လက်ချောင်း လေးတွေက အစ မြတ်နိုးတယ် ဆိုတာကိုလေ ''

" ပြီးတော့ အစ်မ မျက်နှာပေါ်က အပြုံးလှလှ လေးတွေကိုလည်း အရမ်းလွမ်းနေပြီ ''

" ဟော့ ဒီ နှုတ်ခမ်းလေးရဲ့ အနမ်းတွေ ကိုလည်း အများကြီး အများကြီး လွမ်းနေရတာ ''

တစ်ယောက်တည်း စကားတွေ ပြောပြီး ပြုံးလိုက် ငိုလိုက်နဲ့ လရောင် တစ်ယောက်တော့ အရူးလေး တစ်ယောက်လိုပါပဲ

" လရောင် ''

မမမြူ ခေါ်သံ ကြားသဖြင့် လရောင် နောက် ကို လှည့်ကြည့်လိုက်သည်

" ရှင် မမမြူ ''

"လရောင် အိမ်ပြန်ပြီး ခဏ လောက် နားလိုက်ပါလား ''

" ရပါတယ် မမမြူရယ် အစ်မ နိုးလာတာ ကို ညီမ အရင်ဆုံး မြင်ချင်လို့ပါ ''

" မင်းရဲ့ အစ်မ က ဘယ်အချိန် သတိရလာမလဲတော့ မသိဘူး လရောင် ပုံစံ ကြည့်ရတာ အားမရှိသလိုပဲ အားပျက် ပြီး လဲ ကျသွားရင် ဘယ်လိုလုပ်မလဲ ''

" လရောင် အဆင်ပြေပါတယ် မမမြူ''

" မမမြူ က အဆင်မပြေတာ မြင်နေရတဲ့ မမမြူ က အဆင်မပြေလို့ ပြောနေရတာ ပါ လရောင် ရယ် မမမြူ ပြောသလို ခဏ လောက် အိပ်ပြန်ပြီး အနားယူပြီးမှ ပြန်လာနော် မင်းရဲ့ အစ်မ နိုးလာရင် လည်း မမမြူ ချက်ချင်း Ph ဆက်ပေးပါမယ် နော် ''

It's You Where stories live. Discover now