Part 10

2.7K 154 0
                                    

" ခံစားချက်တွေ အဘယ်ကို ဦးတည်နေသည်လဲ ''

အစ်မ ဟု ' လရောင် ' ဆီက အသံလွင့်လွင့်လေး ထွက်ပေါ်လာသည်

ပြောလေ '' လရောင် ''

အစ်မ ရဲ့ လက်ဖမိုး လေး ကို နမ်းကြည့်ချင်တယ်
အစ်မ ရဲ့ လက်ချောင်း လေး တစ်ချောင်းစီ တိုင်း က ညီမ အတွက် မြတ်နိုးစရာ ကောင်းလွန်းလှတယ်

အစ်မ ကို ကြည့်လိုက်တော့ ရှက်သွေးဖြာ နေတဲ့ပုံ

ရှက်သွေးဖြာနေတဲ့ အစ်မ ဟာ  ဖက်နမ်းပြစ်ချင်စရာပဲ

အစ်မ ကို နောက်နေတာ ခေါင်းလေး ဘာလေး မော့ပါအုံး

ထိုအခါမှသာ ခေါင်းလေးမော့လာသည်

အစ်မ သိရဲ့လား အစ်မရှေ့မှာ အခုလို ပြိုလဲ နေတဲ့ပုံပြမိတာ ရှက်စရာ ပဲ

အစ်မ ကို ရှက်စရာ မလိုပါဘူး ' လရောင် ' ရယ်

ညီမ ရှက်မိတာတော့ အမှန်ပဲ အစ်မ
အိမ်လည်း မပြန်ချင်သေးဘူး အစ်မ နားမှာလည်း ဆက်နေချင်နေတယ် ပြီး တော့ ရှက်စိတ်နဲ့ မျက်နှာလည်း ပူတယ် အဲ့ဒါကြောင့် ညီမ ခဏ လောက် မှေး လိုက်အုံးမယ် နောက်တစ်နာရီ လောက်ကျရင် ညီမ ကို နှိုးပေးနိုင်မလား

အစ်မ နှိုး ပေး မယ် လေ စိတ်ချ လက်ချ အိပ်နော် အစ်မရှိတယ် သိလား

ဟုတ်

ထိုင်ခုံ ကို နောက်ဘက်သို့ လှန်ချပေးလိုက်သည်

" လရောင် '' ကို ကြည့်ရတာ အတော် ပင်ပန်းနေပုံပဲ သိပ်တောင်မကြာလိုက် ဘူး အိပ်ပျော် သွား သည်
" လရောင် '' အစ်မ မင်း ကို ဘယ်လို လုပ်ပေးရမလဲတောင် မသိတော့ပါဘူး မင်း ကို အစ်မ ရဲ့ အနားမှာလည်း  ဆက်ရှိစေချင်တယ် မင်း ကို တစ်ယောက်ယောက် ပိုင်ဆိုင်သွား မှာလည်း ကြောက်တယ်
အိပ်ပျော်နေတဲ့ ' လရောင် ' ရဲ့ မျက်နှာ နားလေး ကို အနီးကပ်ကြည့်မိသည် မထူမပါး မျက်ခုံးရေးရေး လေး မျက်တောင်ကော့ကော့ လေး တွေ နှာတံ ချွန်ချွန် က အောက်ဘက် ကို သွယ်ဆင်း လာသည် ပန်းနုရောင် နှုတ်ခမ်းပါးလေး မေးရိုးပေါ်က သွေးကြောစိမ်းစိမ်းလေးတွေ ' လရောင် ' ရဲ့ မျက်နှာ အစိတ် အပိုင်း တစ်ခုစီ တိုင်း က အနုပညာမြောက်သည်

It's You Unde poveștirile trăiesc. Descoperă acum