အပိုင်း၁။ ကောင်းကင်ဘုံက စာအုပ်

5.6K 391 35
                                    

ချွမ်းယွမ်ဂိုဏ်း၏ အဓိကခန်းမဆောင်၌ နတ်ဆိုးအရှင်သခင် ဝမ်ရန်အယ်အခန်းတံခါးပိတ်ကျင့်ကြံနေခြင်းသည် ခုနစ်ရက်တာကြာမြင့်‌နေပြီဖြစ်ပြီး သူ၏လက်အောက် ငယ်သားများ နေ့စဥ်ပို့ထားသည့် အစားအသောက်များဟာလည်း
အရာယွင်းခြင်းမရှိပေ။သူအဘယ်ကဲ့သို့
ခက်ခဲနက်နဲသည့် ကျင့်ကြံနည်းများကိုကျင့်ကြံနေသလဲဆိုတာကို‌တော့
မည်သူမှမသိကြချေ။

အဓိကခန်းမဆောင်ကို စီမံကွပ်ကဲရသည့်
ခန်းမဆောင်သခင်ယွမ်းထန်ဟာ အရှင်ချက်ချင်းကြီးတံခါးပိတ်ကျင့်ကြံသွားပြီး ဘယ်အချိန်ပြန်ထွက်လာမလဲဆိုတာကို
မပြောသွားသည့်အတွက်ဘာလုပ်ရမှန်း
မသိဖြစ်နေ၏။အရှင် ကျင့်ကြံနည်းကို
နားလည်သွားတာပဲဖြစ်ဖြစ်၊အဆင့်တက်
သွားတာပဲဖြစ်ဖြစ် ဂုဏ်ပြုပွဲလုပ်သင့်တယ်
ဟုသူထင်သည်။

နတ်ဆိုးအရှင်ဟာ ပိုက်ဆံဖြုန်းတီးသည့်
ဂုဏ်ပြုပွဲအခမ်းအနားများကိုသဘောမကျ။သို့ပေမဲ့ သူသာတကယ်အဆင့်တက်သွားလျှင် အနည်းဆုံးတော့လူတိုင်းအဓိက
ခန်းမဆောင်ထဲစုဝေး၍ ဂုဏ်ပြုသင့်သည်။ပြီးလျှင် ကျင့်ကြံခြင်းလောကကို
အပိုင်သိမ်းမည့် ချွမ်းယွမ်ဂိုဏ်း၏
အနာဂတ်အ‌ကြောင်းကို ဆွေးနွေးရမည်။

ဘယ်လိုလုပ်သင့်သလဲ မဆုံးဖြတ်တတ်တဲ့ သခင်ယွမ်းထန်ဟာ နောက်ဆုံးတော့
ချွမ်းယွမ်ဂိုဏ်း၏ လက်ဝဲကာကွယ်စောင့်ရှောက်သူ ယင်ဟန်ကျန်းကို‌
မေးကြည့်ဖို့ဆုံးဖြတ်လိုက်သည်။
ယင်ဟန်ကျန်းဟာ နတ်ဆိုးအရှင်
အယုံကြည်ရဆုံးလူတစ်ယောက်ဖြစ်သည့်အပြင် အရှင်တံခါးပိတ်မကျင့်ကြံခင်
ကလည်းအနီးကပ်ဆုံး၌ရှိခဲ့သူ
ဖြစ်သောကြောင့်ဘာလုပ်သင့်သလဲဆိုတာ သေချာပေါက်သိလောက်သည်။

ယင်ဟန်ကျန်းဟာတံခါးပိတ်ထားတဲ့
အခန်းရှေ့မှာ ခုနစ်ရက်ကြာစောင့်ရှောက်
နေတာဖြစ်ပြီး သူ၏မျက်နှာဟာ ရေခဲကဲ့သို့
အေးစက်နေ၍ အနက်ရောင်ဝတ်စုံကိုဝတ်ဆင်ထား၏။ထို့အပြင်သူဟာ
စကားအများကြီးပြောရခြင်းကိုလည်း
မနှစ်သက်ပေ။သခင်ယွမ်းထန်ပြောတာကိုနားထောင်ပြီးတဲ့နောက် သူ၏အေးစက်စက်မျက်နှာ၌ စဉ်းစားရခက်ပြီး စိတ်ရှုပ်ထွေးပုံပေါ်လာသည်။

Devil Venerable Also Wants To Know(mm tran)Where stories live. Discover now