အပိုင်း၃၀။လက်ခုပ်ထဲကရေဖြစ်သွားမည်။

1K 150 21
                                    

ကျုန်းလီခွမ်၏စိတ်ဝိဉာဉ်နှင့်
ရုပ်သေးခန္ဓာကိုယ်ကွဲသွားသည်ကိုမြင်မှ
ကျုန်းလီချန်း၏ တင်းမာနေသော
မျက်နှာအနည်းငယ်ပြေလျော့သွားသည်။

ထိုညီငယ်ကိုသဘောမကျခြင်းမှာ
မျိုးရိုးကြောင့်မဟုတ်ဘဲ အကျင့်စရိုက်
မကောင်းသောကြောင့်ပင်။ယခု
ကျုန်းလီကလန်ကို ပြန်သွားရပြီ
ဖြစ်တာကြောင့် ကျုန်းလီကလန်ကသာ
ထိုသူ့ကိုကယ်တင်မလား နောက်ဘဝသို့
ပို့ဆောင်ပေးမလား ဆုံးဖြတ်ရမည်။
သူနှင့်ဘာမှမသက်ဆိုင်တော့ပေ။

"မင်းက စိတ်ထားမြင့်မြတ်သူဆိုတော့
ဒီအရှင်မင်းကို မလိမ်ချင်ဘူး။
ဒီအရှင်က ချွမ်းယွမ်ဂိုဏ်းရဲ့အရှင်သခင်
ဝမ်ရန်အယ်ပဲ။"

"ဒီတော့ လူကြီးမင်းကဝမ်ရန်အယ်ပေါ့။"
ကျုန်းလီချန်းအံ့ဩတကြီး‌ဖြစ်သွားပြီး
လက်နှစ်ဖက်ဆုပ်ကာ နှုတ်ဆက်လိုက်သည်။
"လွန်ခဲ့တဲ့ ဆယ့်နှစ်နှစ်က
အမှန်တရားဂိုဏ်းက ကျွမ်းကျင်သူ ၂၁ယောက်နဲ့ယှဉ်တိုက်ပြီးနောက်
လူကြီးမင်း ဝမ်ရန်အယ်ဟာ
ကျင့်ကြံခြင်းလောကမှာ အသန်မာဆုံးသူပါပဲ။ကျွန်တော်တို့တွေ မတူညီတဲ့လမ်းတွေ
လျှောက်‌နေတာတောင်မှ ကျွန်တော်
လူကြီးမင်းကို အလွန်အမင်း
လေးစားခဲ့တာပါ။သေမျိုးအားလုံး
ကိုယ်စားလူကြီးမင်းကို ကျွန်တော်ကျေးဇူးတင်ပါရစေ။"

ကျုန်းလီကလန်ဟာ အမှန်တရားဂိုဏ်းများ
ဘက်မှမပါသလို နတ်ဆိုးဂိုဏ်းများဘက်မှာလည်းမပါဘဲ ကြားနေသာဖြစ်သည်။
ဂိုဏ်းပေါင်းစုံစစ်ပွဲကဲ့သို့သော
ကြီးကျယ်‌သောအဖြစ်အပျက်ဟာ
အဓိက ကျင့်ကြံ‌ခြင်းကလန်ကြီးလေးခုကြားပြောစမှတ် တွင်လှ၏။ကောင်းကင်ဘုံလမ်းစဥ်အကြောင်းနားလည်သူများဟာ
အမှန်တရားဂိုဏ်းများနှင့်
နတ်ဆိုးဂိုဏ်းများ၏ရည်ရွယ်ချက်သည်
နှစ်တစ်သောင်းကြာတစ်ခါကြုံတွေ့ရသော
ကပ်ဘေးကြီးကို ရှောင်လွှဲရန်ဖြစ်ကြောင်း
သဘောပေါက်ကြ၏။
လွန်ခဲ့သည့် နှစ်နှစ်ကနတ်ဆိုးကျင့်ကြံသူများ
စွမ်းအင်တားဆီးအစီအရင်ကို
ချိုးဖျက်လိုက်ချိန်မှာတော့ အများစုဟာ
ဝမ်ရန်အယ်၏ရည်ရွယ်ချက်အစစ်အမှန်ကို
ခန့်မှန်းမိသွား၏။

Devil Venerable Also Wants To Know(mm tran)Where stories live. Discover now