အပိုင်း ၃၅။အမှန်တရား ပေါ်လာခြင်း

372 73 9
                                    


ထိုကဗျာတွေသာဆက်ရွတ်နေမိပါက
သူ့ရှေ့က မိန်းကလေးမှာ
သူနှင့် ‌မောင်နှမကောင်းဖြစ်ကြောင်း
ကျိန်ဆိုတော့မည့်ပုံပင်။အလျင်အမြန်ပဲ
"ခြံစည်းရိုးအောက် ဂန္ဓမာပန်းတွေ‌ကောက်မယ်။
တောင်ဘက်ခြမ်းက တောင်တန်းတွေဆီ
စိမ်ပြေနပြေငေးကြည့်မယ်"စသည့်
ကဗျာပုံစံမျိုးတွေကို ပြောင်းရွတ်ဆိုလိုက်၏။
စိတ်အားထက်သန်မှုအပြည့်ကနေ
အေးအေးချမ်းချမ်းနှင့်
အပူအပင်ကင်းသည့်စိတ်အခြေအနေသို့
ပြောင်းသွားသည့် ပိုင်လီချင်းမြောင်ကို
တွေ့သောအခါ ဖြစ်ပျက်နေတာကို
နားလည်သွားပြီး ကိုယ့်ကိုကိုယ်လှောင်ရယ်မိ၏။

"ဘာများလဲ သခင်လေးကျုန်းလီ"
ကျုန်းလီချန်းခံစားချက်အပြောင်းအလဲကို
သတိထားမိသဖြင့်
ပိုင်လီချင်းမြောင်မေးလိုက်သည်။

"ကျွန်တော်မှားနေတယ်ဆိုတာကို
သဘောပေါက်သွားရုံပါပဲ။"
ဟုကိုယ့်ကိုကိုယ်လှောင်ပြုံးပြုံးရင်းဖြေလာ၏။
"မင်းခံစားချက်‌တွေက ကျွန်တော့်အပေါ်
သက်ရောက်သွားပြီး
စည်းမျဉ်းတွေနဲ့မကိုက်ညီတာတွေ
လုပ်မိမှာကို ကြောက်နေမိလို့
ခံစားချက်တွေကို ကျွန်တော်အတင်းဖိနှိပ်မိတာပါ။
အဲ့တာက ကျွန်တော့်စိတ်ကမင်းထက်
သန်မာလို့မဟုတ်ဘဲ မိန်းကလေးပိုင်လီက
ကျွန်တော့်ထက် ညှာတာတတ်လို့ပါ။
တစ်ယောက်ခံစားချက် တစ်ယောက်အပေါ်
သက်ရောက်သွားတုန်း မင်းက
ကျွန်တော့်လိုမျိုး ခံစားချက်တွေကို
ချက်ချင်းပြောင်းလဲပြီး
ဖိနှိပ်ပစ်တာမျိုးမလုပ်ခဲ့ဘူး။
အဲ့အစား ကျွန်တော့်အတိုင်း
လိုက်လျောညီထွေဖြစ်အောင်နေလိုက်တာ။
တစ်ယောက်နဲ့တစ်ယောက်သာဖိနှိပ်ဖို့
ကြိုးစားမယ်ဆိုရင် နှစ်ယောက်စလုံး
ထိန်းချုပ်မှုကင်းလွတ်သွားပြီး
ချီဖောက်ပြန်သွားနိုင်တယ်။"

ပိုင်လီချင်းမြောင်ဟာ သူ့ကိုယ်သူ
သိတာကြောင့် လက်ခါရမ်းလိုက်သည်။
"အဲ့လိုမဟုတ်ပါဘူး။တစ်ချိန်လုံး
ကိုယ့်ကိုကိုယ်အပြစ်တင်ပြီး
ဆိုးဆိုးရွားရွားနေတာက မကောင်းဘူးလို့
ကျွန်မထင်ရုံပါပဲ။မင်းကတကယ်တော့
ကျွန်မကိုအကူအညီကြီးကြီးတစ်ခု ပေးတာပါပဲ။"

Devil Venerable Also Wants To Know(mm tran)Where stories live. Discover now