Part-2

1.8K 107 8
                                    

Unicode

"Jungkook ....မျက်နှာကြီးက ဘာဖြစ်လာတာလဲ "

Jungkookမှာ စိတ်ပျက်လက်ပျက်နဲ့ ခုံပေါ်ထိုင်ချလိုက်သည်။

"အခုရက်ထဲ Taeက ဘာဖြစ်နေလဲမသိဘူးကွာ ငါ့ကိုရှောင်နေသလိုပဲ"

"ဘာလို့ရှောင်နေတာလဲ မင်းလင်လင်ကြီးက"

"မသိဘူးကွာ ခရီးက ပြန်လာထဲက Taeက ငါ့အပေါ် အရမ်းစိမ်းနေသလိုပဲ"

"Jungkookဒါဆို သိပ်မရိုးသားဘူးနော် မင်းယောကျာ်း နောက်မီးများလင်းနေလားမသိဘူး"

"ဟား....Taeက ငါ့အပေါ်အဲ့လို လုပ်မဲ့လူမျိုးမှ မဟုတ်တာ မင်းတို့ကလည်း"

"အေးပေါ့ ယုံကြည်ပေါ့ နောက်မှ ဒူးနဲ့မျက်ရည်သုတ်နေရမယ်နော်"

Jungkookတစ်ယောက် သူ့သူငယ်ချင်းတွေစကားကြားတော့ ဒေါသထွက်သွားသည်။

"မင်းတို့တော်တော့ Taeအပေါ် အဲ့လိုအပြောမျိုးငါလက်မခံနိုင်ဘူး Taeရိုးသားတာ ငါအသိဆုံး Taeက ငါကလွဲရင် ကျန်တဲ့လူကို လှည့်တောင်
ကြည့်တဲ့လူမျိုးမဟုတ်ဘူး မင်းတို့Taeအပေါ်အထင်အမြင်သေးတာ ငါလက်မခံဘူး"

"အေးပေါ့ကွာ မင်းယုံကြည်တယ်ဆိုလည်း ငါတို့မပြောတော့ပါဘူး ငါတို့ကမင်းကို ခံရမှာဆိုးလို့ပြောတာပါကွာ "

Jungkookတစ်ယောက် သူ့သူငယ်ချင်းတွေကိုစိတ်ဆိုးဆိုးနဲ့ ထသွားတော့သည်။

ကျွန်တော့်Taeကအဲ့လိုမျိုးကျွန်တော့်အပေါ်သစ္စာဖောက်မဲ့လူမျိုးမဟုတ်ဘူးဆိုတာကျွန်တော်အသိဆုံး ၊ Taeရဲ့ မေတ္တာတရားကြီးမားမှုက ဘာနဲ့မှ ယှဥ်လို့မရဘူး၊ ကျွန်တော့်လိုဘာမှ မဟုတ်တဲ့ကောင်ကို အရာရာစွန့်လွှတ်ပြီး လက်တွဲခဲ့တဲ့Taeက ကျွန်တော့်နောက်ကွယ်မှာ ဖောက်ပြန်မယ်ဆိုတာ ပိုလို့တောင်မဖြစ်နိုင်သေးတယ်။

"Jungkookကငါတို့ကို စိတ်ဆိုးသွားပြီနဲ့တူတယ်"

"ဆိုးလည်းမတက်နိုင်ဘူးကွာ ငါတို့က သူ့အတွက်ပြောတဲ့ဟာကို"

>>>>>>>>>>

"Tae ဒီရက်ထဲမင်းကိုကြည့်နေတာ မျက်နှာမကောင်းပါလား ဘာဖြစ်လို့လဲ Jungkookနဲ့ရန်ဖြစ်လို့လား"

သူ့အတွက်ဖြစ်တည်မှုWhere stories live. Discover now