Part-12

1.1K 69 2
                                    

Unicode

"ခွမ်...."

Taehyung အိပ်ယာက နိုးနိုးချင်းရေဆာတာနှင့် ရေ​သောက်ဖို့ ဖန်ခွက်ကို လှမ်းအယူ လက်ချော်ပြီးပြုတ်ကြသွားသည်။

"ဟောတော့ ဖန်ခွက်လေး ကွဲသွားပြီ.."

ကွဲကျသွားတဲ့ ဖန်ခွက်အပိုင်းအစလေးတွေကိုလက်နဲ့ လိုက်ကောက်နေသည်။

"Taeဘာဖြစ်တာလည်း.."

"ဖန်ခွက်ကွဲသွားလို့ Jimin..."

ဖန်ခွက်ကွဲတွေ ကို လက်နဲ့လိုက်ကောက်နေတဲ့ Taehyungကို မြင်တော့ Jiminဟန့်တားလိုက်သည်။

"Taeဘာလို့ ဖန်ခွက်ကွဲတွေကို လက်နဲ့ လိုက်ကောက်နေတာလည်း ရှကုန်မှဖြင့်..."

Jiminပြောလို့မှ မဆုံးသေး ဖန်ကွဲစ သေးသေးလေးက Taehyungလက်ထိတ်ကို စိုက်ဝင်သွားသည်။

"အာ့..."

"Tae..."

Jimin ပြူးပြူးပြာပြာဖြစ်သွားသည်။

"Taeရယ် ပြောနေရင်းနဲ့ကွာ...ဘယ်ကိုထိသွားတာလည်း..."

Taehyungလည်းမျက်နှာရှုံ့မဲ့မဲ့နှင့်...။

"ဒီလက်ထိတ်ကို စိုက်ဝင်သွားတာ..."

"ပေးပေး ငါထုတ်ပေးမယ်..."

Jimin ၊ Taehyungလက်ထိတ်မှာ စိုက်ဝင်နေတဲ့ ဖန်ကွဲစကို ဆွဲထုတ်လိုက်သည်။

"အာ့...နာတယ်..."

"ခဏလေး အောင့်ခံနော်Tae ရပြီ.."

ဖန်ကွဲစ ပြန်ထွက်သွားမှ Taehyungလက်လေးကိုဆေးထည့်ပေးကာ ပလာစတာလေးကပ်ပေးလိုက်သည်။

"ရပြီTae.."

"ကျေးဇူးပဲ Jimin..."

"ရပါတယ် Taeရယ်...ကျေးဇူးတင်စရာမလိုပါဘူး..."

ထိုစဥ်

"ဘာတွေလုပ်နေကြတာလည်း.."

BoGumအသံကြားတော့ Taehyungရော Jiminရော လှည့်ကြည့်လိုက်သည်။

" အကိုBoGumလာလေ ...ဒီမှာ Taeလက်ထိတ်ကိုဖန်ကွဲစ ဝင်သွားလို့ ပြန်ထုတ်ပြီးဆေးလိမ်းပေးနေတာ..."

ဖန်ကွဲစဝင်တယ်ပြော၍ BoGum စိုးရိမ်တစ်ကြီးနဲ့Taehyungလက်ကို ယူကြည့်လိုက်သည်။

သူ့အတွက်ဖြစ်တည်မှုDär berättelser lever. Upptäck nu