Part-16

1.5K 80 5
                                    

Unicode

BoGum ရဲ့ စီစဥ်ပေးမှုနဲ့ Taehyungလည်း ဆိုလ်းကိုပြောင်းလာခဲ့သည်။ BoGumက Taehyungတို့သားအဖအတွက် အိမ်တစ်လုံးပါစီစဥ်ပေးသည်။ Taekookကျောင်းအတွက်လည်းBoGum ကပဲစုံစမ်းပေးကာ Taekookကိုဆိုလ်းကနာမည်ကြီးကျောင်းတစ်ခုမှာ အပ်ပေးခဲ့သည်။

"ဒီမှာ Soyarက ကျောင်းနေရတော့မယ် ကလေးကျောင်းအပ်ဖို့အတွက် ရှင်ဘာမှ မလုပ်တော့ဘူးလား..."

Jungkook အရက်သောက်နေရာက Han Soheeကိုပြန်ပြောသည်။

"အေ့....မင်းကလေးကျောင်းအပ်ဖို့မင်းဘာမင်းလုပ်ပေါ့ ငါက ဘာလုပ်ပေးရမှာလဲ..."

Han Soheeမှာ Jungkookစကားကြောင့် ဒေါသထွက်တော့သည်။

"ရှင် ဘာစကားပြောတာလည်း Soyarက ရှင်နဲ့ရတဲ့ကလေးနော် Soyarအတွက်ရှင်နည်းနည်းတော့ ထည့်တွက်ပေးသင့်တယ်..."

"ငါလည်း မင်းကလေးအတွက် အားလုံးလုပ်ပေးနေတာပဲလေ...အခုကျောင်းအပ်မှာမှတ်လား ငါမင်းကို ကျောင်းအပ်ခပေးလိုက်မယ် မင်းဘာမင်းသွားအပ်လိုက်..."

Han Soheeလည်းမူးနေတဲ့လူနဲ့ ဖက်မပြောချင်တော့တာနဲ့Jungkookပေးတဲ့ပိုက်ဆံကိုပဲယူလာလိုက်သည်။

"မာမီ မီးမီးကျောင်းနေရတော့မှာလားဟင်..."

"ဟုတ်တာပေါ့Soyarလေးရဲ့ Soyarလေးကိုမာမီကကျောင်းကောင်းကောင်းမှာလိုက်အပ်ပေးမယ်နော်..."

"ရေး...မီးမီး ကျောင်းတက်ရမယ် ပျော်လိုက်တာ..."

Soyarမှာတော့ ကျောင်းတက်ရတော့မယ်ဆို၍ အပျော်ကြီးပျော်နေတော့သည်။

Han Soheeလည်း Soyarကို ကျောင်းအပ်ပေးကာပြန်လာလိုက်သည်။

Soyarက အိမ်ပြန်ရောက်တော့ Jungkookအရက်သောက်နေတဲ့နားကို သွားကာ သူကျောင်းတက်ရတော့မှာဖြစ်ကြောင်း Jungkookကို ပြောပြနေသည်။

"ဒယ်ဒီ မီးမီးကျောင်းတက်ရတော့မယ်သိလား မီးမီး ကျောင်းစတက်တဲ့နေ့ကြရင် ဒယ်ဒီလိုက်ပို့ပေးနော်.."

Soyarအမေးကို Jungkookမကြားချင်သလိုဟန်ဆောင်ကာ အရက်ပဲ ဆက်သောက်နေတော့သည်။

Soyarက သူမေးတာမဖြေတော့ Jungkookရဲ့လက်ကို ကိုင် လှုပ်၍ ပြောတော့သည်။

သူ့အတွက်ဖြစ်တည်မှုUnde poveștirile trăiesc. Descoperă acum