Part-3

1.6K 93 5
                                    

Unicode

"Tae အကို Taeကို ပြောစရာရှိတယ်"

"ပြောလေ အကိုBoGumရယ် ဘာပြောမလို့ အဲ့လောက် အိုက်တင်ခံနေတာလည်း"

"အကိုပြောရင်Taeစိတ်မဆိုးးပါဘူးလို့ ကတိပေးလား"

"ပေးပါတယ် ပြောမှာသာပြောပါ"

"Tae... အကိုလေ Taeကို အရမ်းချစ်တယ်... အကိုTaeကို စတွေ့တဲ့အချိန်ထဲက အခုချိန်ထိ ချစ်နေမိတာပါ Taeများ အကိုဖွင့်ပြောလိုက်ရင် စိတ်ဆိုးသွားမလားလို့ အကိုမပြောရဲခဲ့ဘူး အခုတော့ အကိုဘယ်လိုမှ မနေနိုင်တော့လို့ Taeကို
ဖွင့်ပြောတာပါ"

BoGumစကားကြားတော့Taehyungမှာအံသြလို့နေသည်။

"ဟို....အကိုBoGum Taeကို လာနောက်နေတာလား"

"မနောက်ပါဘူး Taeရယ် အကို တကယ်ပြောနေတာပါ "

"ကျွန်တော်တို့က ယောကျာ်းအချင်းချင်းလေ အကိုBoGumရယ်"

"ယောကျာ်း အချင်းချင်း မချစ်ရဘူးလို့ ဘယ်သူကပြောလည်း ယောကျာ်း အချင်းချင်း ချစ်တာလည်း အချစ်ပဲလေ Taeရယ်"

Taehyungမှာ BoGumစကားကြားတော့ ဘာပြန်ပြောရမှန်းမသိဖြစ်မိသည်။

သူBoGumကို အကို တစ်ယောက်ထက်မပိုပါ ချစ်သူရည်းစားလိုချစ်ဖို့ လုံးဝမဖြစ်နိုင်
ထိုကြောင့် တစ်ခါထဲ ငြင်းပစ်လိုက်သည်။

"အကို BoGum ကျွန်တော် အကို့ ကိုအားနာပါတယ် ကျွန်တော် အကို့ ကို ကိုယ့်အကို အရင်းတစ်ယောက်လိုပဲ သဘောထားတယ် ချစ်သူလို သဘောထားဖို့က လုံးဝမဖြစ်နိုင်ဘူး "

Taehyungစကားကြားတော့ BoGumမျက်နှာလေးငယ်သွားရှာသည်။ သို့ပင်မဲ့ ဘာမှ မဖြစ်သလိုဟန်ဆောင်ကာ။

"အားနာစရာမလိုပါဘူးTaeရယ် အကို က အကို့ခံစားချက်ကိုပြောပြတာပါ Taeအကို့ကိုပြန်မချစ်နိုင်ဘူးဆိုလည်း ရပါတယ်၊ အကို Taeကို ဒီတိုင်း ကိုယ့်ညီလေးတစ်ယောက်လိုသဘောထားပါ့မယ်
အကို ပြောတာကို စိတ်ထဲမထားပါနဲ့"

"ဟုတ်ကဲ့ အကိုBoGum ကျွန်တော့်ကို အခုလိုနားလည်ပေးတာ ကျေးဇူးပါ"

BoGumမှာ Taehyungငြင်းလိုက်၍ စိတ်မကောင်းဖြစ်သွားသည်။ Taehyungကို သိပ်ချစ်ပါသည်။ စတွေ့ထဲက Taehyungရဲ့အပြုံးလေးတွေကိုမြင်ပြီး အကြည့်မခွာနိုင်ဖြစ်ခဲ့ရသည်။ Taehyungနဲ့လည်း ခင်မင်မှုရအောင် မနည်းကြိုးစားခဲ့သည်။

သူ့အတွက်ဖြစ်တည်မှုWhere stories live. Discover now