မြွေဖြူအရှင်
အပိုင်း၂ဘုရားဂူရွာသား ငမူးသမားသုံးဦးတို့သည်
အချောင်ချမ်းသာဖို့အမြဲချောင်းနေကြသူတွေဖြစ်သည်"စံခွေးနဲ့ဖိုးခွား"
"ဟေ..."
"မင်းတို့မချမ်းသာချင်ကြဘူး"
"ဒီမယ်အောင်ကျော်မချမ်းသာဘဲနေချင်ပါ့မလားချမ်းသာချင်တာပေါ့"
"ဒါဆိုငါတို့တွေမြွေဖြူရှင်ဂူကရတနာတွေသွားခိုးကြရအောင်"
စံခွေးဆိုတဲ့ငမူးသမားကအသဲအသန်ထငြင်းတယ်
"ဟာ...မဖြစ်ပါဘူးကွာ မြွေဖြူရှင်ဂူကရတနာတွေကသာသနာပိုင်တွေ
မင်းတို့ဆိုးချင်ဆိုးမိုက်ချင်မိုက် သာသနာပိုင်ပစ္စည်းတွေကိုမပစ်မှားသင့်ဘူး
ပြီးတော့ ရှေးဟောင်ဘုရားကြီးနဲ့ရတနာတွေကိုမြွေဖြူအရှင်ကစောင့်ရှောက်နေတာလေ""တော်စမ်းပါစံခွေးရာမြွေဖြူအရှင်ဆိုတာယုံတမ်းစကားတွေပါကွာ ဘယ်သူများအကောင်အထည်မြင်ဖူးလို့လဲ"
"အောင်ကျော် မြွေဖြူအရှင်ဆိုတာငါတို့ဘိုးဘေးအစဥ်အဆက်တကယ်ရှိတယ်လို့လက်ခံထားကြတာကွ"
သို့သော်သူ့သူငယ်ချင်းတွေကရှင်းပြလို့
နားမဝင်ကြဘူး
"မင်းမလိုက်ချင်နေပေါ့ ဖိုးခွားမင်းတော့လိုက်မှာမလား""ငါကအရမ်းချမ်းသာချင်တာလေ လိုက်မှာပေါ့ကွာ"
တစ်ယောက်ပုခုံးတစ်ယောက်ဖက်ကာယိုင်တိုင်တိုင်နဲ့ထွက်သွားကြတဲ့
သူငယ်ချင်းနှစ်ယောက်ကိုကြည့်ပြီးစံခွေးခေါင်းခါလိုက်သည်
ညကြီးမိုးချုပ်မင်းတို့မလို့မြွေဖြူရှင်ဂူကိုသွားရဲတယ်
ကံကောင်းပါစေလို့ငါဆုတောင်းပေးပါတယ်ကွာ_______________________________________
မြွေများစွာဟာ သူတို့အရှင်နိုးထလာမှာမို့လာရောက်စောင့်မျှော်နေကြသည်
ထိုမြွေအုပ်စုပြီးရဲ့အရှေ့ဆုံးမှာတော့ လူအသွင်ပြောင်းထားတဲ့
မြွေနက်ကြီးသိင်္ခနှင့်မြွေစိမ်းကြီးလင်္ကာတို့က ဒူးတုတ်ထိုင်နေကြသည်လဟာမွန်းတည့်ချိန်ကိုရောက်လာလေပြီ
နှစ်သုံးရာလုံးလုံးငြိမ်သက်နေတဲ့ မြွေရုပ်ထုကြီးဟာ
တဖြည်းဖြည်းအက်ကွဲလာပြီး အထဲမှကြီးမားသောမြွေဖြူကြီးတစ်ကောင်ထွက်ပေါ်လာသည်
YOU ARE READING
မြွေဖြူအရှင်《Complete 》
Romanceစားရေးသူ၏စိတ်ကူးယဥ်သက်သက်သာဖြစ်သည် အပြင်လောကနှင့်သက်ဆိုင်ခြင်းမရှိပါ Ficအတွင်းတစ်ချို့သောစာလုံးတွေကြား နေရာခြားထားရတာ ကီးဘုတ်ကြောင်နေလို့ပါ ဖတ်ရအဆင်မပြေရင်တောင်းပန်ပါတယ်