မြွေဖြူအရှင်
အပိုင်း၁၈သိင်္ခ၏အရှင်ကဂူထဲမှာရှိသည်ဟူသောစကားကြောင့်
ဝဏ္ဏဂူထဲအရဲ့စွန့်ကာဝင်ခဲ့သည်
သူက ဗုဒ္ဓရုပ်ပွားတွေတည်ရှိတဲ့ ဂူထဲသာဝင်ဖူးတာ
အနောက်ဘက်ကဒီဂူကိုဝင်တာတော့ပထမဆုံးဘဲဂူတစ်ခုလုံးဟာ များပြားစွာသောရတနာတို့ကြောင့်
ဝါဝါဝင်းကာ လင်းလက်တောက်ပနေသည်
သို့သော်ဝဏ္ဏထိုအရာတွေအပေါ်လောဘစိတ်မရှိဘဲ
ချစ်ရသူရဲ့အရိပ်လေးကိုသာအရင်ရှာမိတယ်အကြည့်တွေကကျောက်ဖြာကြီးတစ်ခုအရောက်မှာတော့
ခွေနေသည့်အဖြူရောင်မြွေကြီးကိုတွေ့လိုက်ရသည်
သူသိတာပေါ့ ဒါကသူချစ်ရတဲ့အသင်္ခရာဆိုတာ...."အသင်္ခရာ...."
အနားတိုးကပ်သွားပြီးခေါ်လိုက်တော့
မြွေဖြူကြီးကမျက်လုံးတို့ဖွင့်ပြီးသူ့ကိုကြည့်လာတယ်"ဘာဖြစ်လို့...အသင်္ခရာကဒီလိုဖြစ်နေရတာလဲ"
သူအမေးကိုသိင်္ခကအဖြေပြန်ပေးတယ်
"အရှင်ကမြွေလျှာမြက်ရဲ့အာနိသင်ကြောင့် အားနည်းနေတာ""မြွေလျှာမြက်ဟုတ်လား.."
"ဟုတ်တယ် မြွေလျှာမြက် ကျွန်ုပ်တို့ကိုအားနည်းစေတယ်ဖျားနာစေတယ်
အခန့်မသင့်ရင်သေပါသေစေနိုင်သေးတယ် ဒါကြောင့်
ကျွန်ုပ်တို့ကမြွေလျှာမြက်ပေါက်တတ်တဲ့နေရာတွေကို
သွားလေ့မရှိဘူး.....""သူဘယ်တော့ပြန်ကောင်းနိုင်မှာလဲ"
" အရှင့်ရဲ့ခံနိုင်ရည်အားကအခြားသူတွေထက်သာလွန်တာမို့
ညမွန်းတည့်ချိန်တော့အရှင်ပြန်ကောင်းလာမှာပါ..."ထိုအခါမှဝဏ္ဏစိတ်သက်သာရာရသွားတော့သည်
"ဒါဆိုအဲ့အချိန်ထိဂူထဲမှာနေလို့ရမလား"သိင်္ခက "မရဘူး"ဟုချက်ချင်းငြင်းတယ်
ဂူထဲလူသားတစ်ယောက်ခေါ်သွင်းလာတာကိုကလွန်လှပြီ
အချိန်အကြာကြီးနေခွင့်ပေးဖို့ဆိုတာမဖြစ်နိုင်ဘူး"သိင်္ခသူ့ကိုနေခွင့်ပေးလိုက်"
"လင်္ကာဒါလူသားတစ်ယောက်နော်
ဘယ်လိုဖြစ်လို့လက်လွတ်စပယ် ဂူထဲနေခိုင်းရမှာလဲ"
أنت تقرأ
မြွေဖြူအရှင်《Complete 》
العاطفيةစားရေးသူ၏စိတ်ကူးယဥ်သက်သက်သာဖြစ်သည် အပြင်လောကနှင့်သက်ဆိုင်ခြင်းမရှိပါ Ficအတွင်းတစ်ချို့သောစာလုံးတွေကြား နေရာခြားထားရတာ ကီးဘုတ်ကြောင်နေလို့ပါ ဖတ်ရအဆင်မပြေရင်တောင်းပန်ပါတယ်