မြွေဖြူအရှင်
အပိုင်း၁၉ဝဏ္ဏ တစ်ညလုံးဂူထဲမှာအသင်္ခရာနဲ့အတူ
အတိတ်အကြောင်းတွေပြောရင်းအချိန်ဖြုန်းခဲ့တာဖြစ်သည်"သွားရအောင် ရွာထဲကို..."
"အင်း..."
မိုးလင်းသည့်အခါမှာတော့ တစ်ဦးလက်တစ်ဦးဆွဲကာ
ဘုရားဂူရွာထဲသို့ဝင့်ခဲ့တော့သည်"ဟေ့ကောင်ဝဏ္ဏ..."
သူတို့နှစ်ဦးကိုမြင်တော့
ဗညားနဲ့သူရိယကမျက်နှာမသာမယာနဲ့ပြေးလာကြသည်"မင်းဘယ်တွေရောက်နေတာလဲငါတို့တွေတစ်ညလုံးရှာနေတာ"
ဝဏ္ဏနှစ်ဦးသားဆုပ်ကိုင်ထားတဲ့လက်ကိုမြှောက်ပြပြီး
"အသင်္ခရာနဲ့အတူရှိနေတာ" ဟုပြန်ဖြေလိုက်သည်ဗညားနဲ့သူရိယမှာသူ့တို့သူငယ်ချင်း
အချစ်ရေးမှာလူဖြစ်သွားပြီဟုသိလိုက်ရပေမဲ့ဂုဏ်ပြုစကားမဆိုနိုင်"မင်း..ငါတို့အခုပြောမှာကိုသေချာနားထောင်ပေး"
"အေး ..."
"ရွှေဆုံးသွားပြီ"
"ဟမ်...."
"ညကမင်းတို့နှစ်ဦးပျောက်လို့လိုက်ရှာရင်း
တောထဲမှာရွှေရဲ့အလောင်းကိုတွေ့ခဲ့တာ..."ဝဏ္ဏမျက်မှောင်ကြုံ့လိုက်သည်
အကောင်းကြီးရှိနေလျက်
ရွှေကဘယ်လိုဆုံးသွားတာလဲလူသုံးဦးစကားဝိုင်းထဲ
"အသင်တို့ကျွန်ုပ်ကိုအလောင်းဆီခေါ်သွားပေးနိုင်မလား" ဟုအသင်္ခရာဝင်ပြောလိုက်သည်"ရတာပေါ့..."
အလောင်းပြင်ထားတဲ့အလောင်းစင်နားရောက်တာနဲ့ထူးခြားနေတာကို
အသင်္ခရာသိလိုက်သည်
အလောင်းပေါ်မှာ မျက်လုံးနီနီရဲရဲနဲ့မဲမဲ သဏ္ဌာန်ရှိသည့်သရဲတစ်ကောင်ကခွစီးနေသည်
ဒါတောထဲမှာတွေ့ခဲ့သည့်အငြိုးအတေးဝိညာဥ်ဘဲ
သို့သော်အဘယ်ကြောင့်သူ့မှာဒီလောက်စွမ်းအားတွေကြီးလာရသနည်းအလောင်းအားစိုက်ကြည့်နေသည့် အသင်္ခရာကြောင့်
ဝဏ္ဏတို့ကစိတ်ဝင်တစားမေးလာတယ်"တစ်ခုခုထူးခြားလို့လား"
"အင်း အရင်တုံးကသူမကိုဒီရွာကိုထွက်သွားဖို့သတိပေးပြီးသား
အဆောင်ကိုလည်းမချွတ်ဖို့လည်းမှာထားတယ် သူမကနားမထောင်တော့ကံပေါ့..."
YOU ARE READING
မြွေဖြူအရှင်《Complete 》
Romanceစားရေးသူ၏စိတ်ကူးယဥ်သက်သက်သာဖြစ်သည် အပြင်လောကနှင့်သက်ဆိုင်ခြင်းမရှိပါ Ficအတွင်းတစ်ချို့သောစာလုံးတွေကြား နေရာခြားထားရတာ ကီးဘုတ်ကြောင်နေလို့ပါ ဖတ်ရအဆင်မပြေရင်တောင်းပန်ပါတယ်