မြွေဖြူအရှင်
အပိုင်း၁၆ရက်ပေါင်းခြောက်ဆယ့်ငါးရက်ကုန်လွန်ပြီးတာတောင်
ချစ်ရသူရဲ့အရိပ်အယောင်ကို အသင်္ခရာမမြင်တွေ့ရသေးပါလွမ်းသည့်စိတ်ကြောင့် အပြေးသွားတွေ့လိုက်ချင်ပါသော်ငြားလည်း
တာဝန်ဝတ္တရားဆိုသည့်အလေးတုံးကြီးကသူ့အပေါ်ပိနေသည်"သိင်္ခနဲ့လင်္ကာ..."
"ဘာအလိုရှိလို့ပါလဲအရှင်...."
"ကျွန်ုပ် နန်းမြို့တော်ကိုသွားချင်တယ်"
"ဒါကမဖြစ်နိုင်ပါဘူးအရှင်သိပါတယ်
လောဘသားတွေသာဘုရားဂူမှာအရှင်မရှိတာသိရင်ဘယ်လိုပြသနာတွေဖြစ်သွားနိုင်တယ်ဆိုတာ"သိင်္ခတို့စကားကမှန်နေသည်မို့အသင်္ခရာဘာမှဆက်မပြောနိုင်တော့ပါ
လူသားချစ်သူနှစ်ဦး ရှင်ကွဲထက်သေကွဲသာကွဲချင်ပါသည်ဟု
ပြောကြတာဒီလိုလွမ်းဆွတ်ရသည့်ဝေဒနာကိုမခံစားချင်လို့ထင်ပါသည်"အသင်္ခရာ....."
ရင်းနှီးနေသည့်အသံကို ဒီနေ့ထပ်ကြားရပြန်ပြီ
သူထင်ယောင်ထင်မှားဖြစ်ပြန်ပြီထင်ပါရဲ့...."အသင်္ခရာ......"
နောက်တစ်ခါထပ်ကြားရသည်အခါမှာတော့
သူထင်ယောင်ထင်မှားဖြစ်တာမဟုတ်တော့ပေ....
ဒါကြောင့်မျှော်လင့်ချက်ကြီးစွာလှည့်ကြည့်လိုက်မိသည်"ဝဏ္ဏ...."
သူရင်ထဲပျော်ရွှင်မှုအတိုင်းအဆမရှိဖြစ်ပေါ်လာသည်
ဝဏ္ဏ သူချစ်ရတဲ့ဝဏ္ဏကသူ့အရှေ့မှာရှိနေတယ်
အသင်္ခရာအပြေးအလွှားသွားပြီး ဝဏ္ဏရင်ခွင်ထဲတိုးဝင်လိုက်သည်ဝဏ္ဏလည်းရင်ခွင်ထဲဝင်လာတဲ့ချစ်ရသူကိုယ်လုံးလေးကို ခပ်တင်းတင်းပြန်ဖက်လိုက်သည်
ချစ်ရသူအားတွေ့လိုက်ရတော့ ဒီရက်ပေါင်းများစွာမှာစိတ်ပင်ပန်းခဲ့တာတွေကအရေးမပါတော့ဘူး"ကျွန်ုပ်အသင့်ကိုအရမ်းသတိရတာဘဲဝဏ္ဏ...."
"ကျွန်ုပ်လည်းထပ်တူပါဘဲ အသင်္ခရာအခုတော့ကျွန်ုပ်တို့ဒီကနေထွက်ပြေးကြရအောင်...."
"ဟင်ဘာလို့လဲ...."
"ဖခမည်းတော်က ကျွန်ုပ်ကိုအမျိုးသမီးတစ်ဦးနဲ့လက်ထပ်ထိမ်းမြှားပေးဖို့ကြိုးစားတာကြောင့် နန်းမြို့တော်ကထွက်ပြေးလာတာ...သိပ်မကြာခင်နန်းတော်ကရဲမက်တွေဒီကိုရောက်လာတော့မှာ...."
YOU ARE READING
မြွေဖြူအရှင်《Complete 》
Romanceစားရေးသူ၏စိတ်ကူးယဥ်သက်သက်သာဖြစ်သည် အပြင်လောကနှင့်သက်ဆိုင်ခြင်းမရှိပါ Ficအတွင်းတစ်ချို့သောစာလုံးတွေကြား နေရာခြားထားရတာ ကီးဘုတ်ကြောင်နေလို့ပါ ဖတ်ရအဆင်မပြေရင်တောင်းပန်ပါတယ်